အထူးဒေသ(၄) မိုင်းလားလမ်းကြောင်း ပြန်ဖွင့်ရန် ပြင်ဆင်

အထူးဒေသ(၄) မိုင်းလားလမ်းကြောင်း ပြန်ဖွင့်ရန် ပြင်ဆင်
နိုဝင်ဘာ 9, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း အထူးဒေသ(၄) မိုင်းလားလမ်းကြောင်းကို မိုင်းလားဒေသအာဏာပိုင်များက မကြာမီ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

မိုင်းလားဒေသသို့ သွားရောက်လိုသူများအနေဖြင့် Covid-19 ထိန်းချုပ်ရေးအတွက် ဆီလူးဒေသရှိ Quarantine Center တွင် (၁၄)ရက်နေထိုင်ရမည်ဖြစ်သည့် အတွက် Covid-19 စောင့်ကြည့်ရေးစင်တာအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၈)ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

မိုင်းလားဒေသတွင်းသို့ လာရောက်သူများ ကနဦး Quarantine နေရန်အတွက် ဖွင့်လှစ်လိုက်သည့် အဆိုပါ စင်တာတွင် အိပ်ခန်းပေါင်း (၂၇၀)ကျော် နှင့် စီမံခန့်ခွဲအခန်းပေါင်း (၃၀)ကျော်ရှိပြီး အိမ်သာ၊ ရေချိုးတွဲများ တပ်ဆင်ထားပြီးဖြစ်သည်ဟု Wa Channel  ၏ ဖော်ပြထားချက်အရ သိရသည်။

 

မိုင်းလားသို့ သွားရောက်မည့်သူများအနေဖြင့် ဆီလူးတွင် (၁၄)ရက် Quarantine နေရန် သတ်မှတ်ထားသော်လည်း ကုန်ကျမှု သတ်မှတ်ထားခြင်း ရှိ မရှိကိုတော့ အသိပေးထားခြင်း မရှိပါ။



Photo: Monglar TV