မြန်မာနိုင်ငံအတွင်းရှိ အစိုးရ၊ ကိုယ်ပိုင်၊ ဘ/က အခြေခံပညာကျောင်းများအားလုံး ဩဂုတ်လ(၂၇)ရက်နေ့က စ၍ ယာယီပိတ်မည်

မြန်မာနိုင်ငံအတွင်းရှိ အစိုးရ၊ ကိုယ်ပိုင်၊ ဘ/က အခြေခံပညာကျောင်းများအားလုံး ဩဂုတ်လ(၂၇)ရက်နေ့က စ၍ ယာယီပိတ်မည်
သြဂုတ် 26, 2020
By Tachileik News Agency
မြန်မာနိုင်ငံအတွင်းရှိ   အစိုးရ၊ ကိုယ်ပိုင်၊ ဘ/က အခြေခံပညာကျောင်းများအားလုံး ဩဂုတ်လ(၂၇)ရက်နေ့က စ၍ ယာယီပိတ်မည်
တစ်နိုင်ငံလုံးတွင် လက်ရှိဖွင့်ထားသည့် အခြေခံပညာအထက်တန်းအဆင့် ကျောင်းအားလုံး ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့မှစ၍ ယာယီပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက သြဂုတ်လ (၂၆)ရက်နေ့၌ ညွှန်ကြားထားကြောင်း သိရသည်။
“ကျွန်တော်တို့ဆီကို ပြည်နယ်က စာဝင်လာပါပြီ။ ဖုန်းနဲ့လည်း ဆက်သွယ်အကြောင်းကြားပါတယ်။ လက်ရှိဖွင့်ထားပြီး အထက်တန်းအဆင့် ကျောင်းအားလုံး အစိုးရကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘကကျောင်း အကုန်လုံးပေါ့ မနက်ဖြန်ကစပြီး ယာယီပိတ်ပါလို့ ညွှန်ကြားပါတယ်။ ဘယ်လောက်ကြာမယ်ဆိုတာတော့ ပြောမထားပါဘူး”ဟု တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း၏ ကျောင်းအုပ်ကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခြေခံပညာကျောင်းများအနက် COVID 19 ကာကွယ်ရေးအစီအစဉ်များ ကောင်းစွာ စီစဉ်နိုင်သည့်ကျောင်းများကို စိစစ်ပြီး အခြေခံပညာအထက်တန်းအဆင့်များကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လအတွင်းက စတင်ဖွင့်လှစ်နေခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သြဂုတ်လ (၁၆)ရက်နေ့ကစပြီး COVID 19 ပြည်တွင်းကူးစက်မှုကို စတင်တွေ့ရပြီးနောက် ပြည်တွင်းကူးစက်ခံရသူများ အမြောက်အများထပ်တိုးလာနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~