ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသတို့တွင် ဆက်လက်အကောင်အထည်ဖေါ်မည်

ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသတို့တွင် ဆက်လက်အကောင်အထည်ဖေါ်မည်
အောက်တိုဘာ 20, 2019
By 🌸
ကိုယ်ဝန်ဆောင်မိခင်နှင့် နှစ်နှစ်အောက်ကလေးများအား ငွေကြေးထောက်ပံ့ရေးအစီအစဉ် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသတို့တွင် ဆက်လက်အကောင်အထည်ဖေါ်မည်

ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖေါ်မည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေးအစီအစဉ်နှင့်ပတ်သက်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ သက်ဆိုင်ရာတာဝန်ရှိသူများကို လူမှုဝန်ထမ်းဦးစီးဌာနက၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၌ ရှင်းလင်း ဆွေးနွေးသည်။

ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ရေး အစီအစဉ်ကို အဟာရဆိုင်ရာအညွှန်းကိန်း နိမ့်ကျနေသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်၌ အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့၏ ရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ပြီး လက်ရှိတွင် နိုင်ငံတော်အစိုးရဘတ်ဂျက်ဖြင့် ဆက်လက်ပံ့ပိုးနေခြင်းဖြစ်သည်။

ကရင်ပြည်နယ်နှင့် ကယားပြည်နယ်တို့၌  ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်အစိုးရရန်ပုံငွေဖြင့် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖေါ်မည့် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် နိုင်ငံတော်အစိုးရ ရန်ပုံငွေနှင့် ကမ္ဘာ့ဘဏ်၏ အတိုးနှုန်းသက်သာသည့် ချေးငွေတို့ဖြင့် အကောင်အထည်ဖေါ်မည်ဖြစ်သည်။

အဆိုပါအစီအစဉ်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းအကောင်အထည်ဖေါ်မည်ဖြစ်သည်။

အဆိုပါအခမ်းအနားသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency
သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ကိုယ္ဝန္ေဆာင္မိခင္ႏွင့္ ႏွစ္ႏွစ္ေအာက္ကေလးမ်ားအား ေငြေၾကးေထာက္ပံ့ေရးအစီအစဥ္ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတုိင္းေဒသတုိ႔တြင္ ဆက္လက္အေကာင္အထည္ေဖၚမည္

ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတုိင္းေဒသႀကီးတုိ႔တြင္ အေကာင္အထည္ေဖၚမည့္ ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ အသက္ (၂)ႏွစ္ေအာက္ ကေလးသူငယ္မ်ားအား ေငြေၾကးေထာက္ပံ့ေရးအစီအစဥ္ႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ သက္ဆုိင္ရာတာဝန္ရိွသူမ်ားကို လူမႈဝန္ထမ္းဦးစီးဌာနက၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ေန႔၌ ရွင္းလင္း ေဆြးေႏြးသည္။

ကိုယ္ဝန္ေဆာင္မိခင္မ်ားႏွင့္ အသက္ (၂)ႏွစ္ေအာက္ ကေလးသူငယ္မ်ားအား ေငြေၾကးေထာက္ပံ့ေရး အစီအစဥ္ကို အဟာရဆုိင္ရာအညႊန္းကိန္း နိမ့္က်ေနသည့္ ခ်င္းျပည္နယ္၊ ရခုိင္ျပည္နယ္ႏွင့္ နာဂကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမ်ားတြင္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္၌ အသက္ေမြးဝမ္းေၾကာင္းႏွင့္ စားနပ္ရိကၡာဖူလံုေရးရန္ပံုေငြအဖြဲ႔၏ ရန္ပံုေငြျဖင့္ စတင္ေဆာင္ရြက္ၿပီး လက္ရိွတြင္ ႏုိင္ငံေတာ္အစိုးရဘတ္ဂ်က္ျဖင့္ ဆက္လက္ပံ့ပိုးေနျခင္းျဖစ္သည္။

ကရင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔၌  ၂၀၁၈ - ၂၀၁၉ ဘ႑ာႏွစ္တြင္ ႏုိင္ငံေတာ္အစိုးရရန္ပံုေငြျဖင့္ အေကာင္အထည္ေဖၚခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္တြင္ အေကာင္အထည္ေဖၚမည့္ ရွမ္းျပည္နယ္ႏွင့္ ဧရာဝတီတုိင္းေဒသႀကီးတုိ႔အတြက္ ႏုိင္ငံေတာ္အစိုးရ ရန္ပံုေငြႏွင့္ ကမၻာ့ဘဏ္၏ အတိုးႏႈန္းသက္သာသည့္ ေခ်းေငြတုိ႔ျဖင့္ အေကာင္အထည္ေဖၚမည္ျဖစ္သည္။

အဆိုပါအစီအစဥ္ကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးနွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက သက္ဆုိင္ရာဌာနမ်ားျဖင့္ ပူးေပါင္းအေကာင္အထည္ေဖၚမည္ျဖစ္သည္။

အဆိုပါအခမ္းအနားသို႔ လူမႈဝန္ထမ္းဦးစီးဌာန၊ ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေက်ာ္မိုး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္၊လူမႈဝန္ထမ္းဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးေက်ာ္လင္းထင္၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လူမႈဝန္ထမ္းဦးစီးဌာနမွ တာဝန္ရိွသူမ်ား၊ ခရိုင္ႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာ တာဝန္ရိွသူမ်ား၊ အရပ္ဖက္လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

Tachileik News Agency
သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net