တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ဆီပန့်များတွင် ဈေးနှုန်းများ ထပ်မံလျော့ချပေးသွားမည်

တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ဆီပန့်များတွင် ဈေးနှုန်းများ ထပ်မံလျော့ချပေးသွားမည်
ဧပြီ 23, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ဆီပန့်များတွင် ဈေးနှုန်းများ ထပ်မံလျော့ချပေးသွားမည်

တာချီလိတ်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များဖြစ်သည့် ဆီပန့်များတွင် ဧပြီလ(၂၄)ရက်နေ့က စ၍ ဈေးနှုန်းထပ်မံလျှော့ချ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ဓါတ်ဆီ (91)က (၁၃)ဘတ်၊ ဓါတ်ဆီ (95) က (၁၅)ဘတ်။ ဒီဇယ်က (၁၄)ဘတ်ခွဲ ဒီဇယ်နဲ့ ဓါတ်ဆီက (၂)ဘတ်စီ ချတာပေါ့၊ ဓါတ်ဆီ (95)ကျတော့ တစ်ဘတ်ခွဲချတာ၊ နက်ဖြန်ကနေ စလျှော့သွားမှာပါ၊ အခုလက်ရှိဈေးကတော့ (၁၅)ဘတ် နဲ့ (၁၆)ဘတ်ခွဲ ရောင်းနေတာပေါ့၊ ဆီဈေးအတက်အကျပေါ်မှာ မူတည်ပြီးမှ မနက်ဖြန်ကနေ တောက်လျှောက်ပေါ့၊ ဆီဈေးတက်ရင် တက်တဲ့အလျောက် တင်ရင် တင်မယ်၊ ကျရင်တော့ ကျတဲ့အလျောက် ဈေးချရင် ချပေးသွားမှာပါ။"ဟု တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၃)ရက်နေ့တွင် ပြောသည်။

ဧပြီလ(၂၃)ရက်နေ့အထိ စက်သုံးဆီရောင်ဈေးမှာ ဓါတ်ဆီ (91)အား (၁၅)ဘတ်၊ ဓါတ်ဆီ (95)အား (၁၆)ဘတ်ခွဲ နှင့် ဒီဇယ်အား (၁၆)ဘတ်ခွဲ ရောင်းချပေးနေခြင်းဖြစ်ပြီး ဧပြီလ(၂၄)ရက်နေ့က စ၍ ထပ်မံလျှော့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း၌ အသုံးပြုနေသည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်က ဝယ်ယူကာ တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တဆင့် သယ်ယူလာခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံဘက်က COVID-19 ရောဂါအခြေအနေကြောင့် ချစ်ကြည်ရေး အမှတ်(၁)တံတားအား ပိတ်ထားသော်လည်း ကုန်စည်ပို့ဆောင်ရေးနှင့် အရေးကြီး ကုန်စည်များ ကူးသန်းသွားလာနိုင်ရေးအတွက်  ချစ်ကြည်ရေး အမှတ်(၂)တံတား ဖွင့်လှစ်ပေးထားသည့်အတွက် စက်သုံးဆီဈေးနှုန်းများမှာ မြှင့်တက်မှုများ ရှိလာမည် မဟုတ်ဘဲ ပုံမှန်အတိုင်းသာရှိနေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~