မြန်မာ့သမိုင်းတွင် မကြုံခဲ့ဖူးသည့် အပြင်းထန်ဆုံး ပြည်တွင်းစစ်ကို အရပ်သားပြည်သူများ ကြုံတွေ့နေရပြီဖြစ်ကြောင်း KIO ပြောကြား

မြန်မာ့သမိုင်းတွင် မကြုံခဲ့ဖူးသည့် အပြင်းထန်ဆုံး ပြည်တွင်းစစ်ကို အရပ်သားပြည်သူများ ကြုံတွေ့နေရပြီဖြစ်ကြောင်း KIO ပြောကြား
နိုဝင်ဘာ 1, 2021 | နိုင်ငံရေး

မြန်မာ့သမိုင်းတွင် မကြုံခဲ့ဖူးသည့် အပြင်းထန်ဆုံး ပြည်တွင်းစစ်ကို အရပ်သားပြည်သူများ ကြုံတွေ့နေရပြီဖြစ်ကြောင်း KIO ပြောကြား

အာဏာသိမ်းအဖွဲ့က နိုင်ငံအနှံ့ထိုးစစ်ဆင် အကြမ်းဖက်တိုက်ခိုက်ခြင်းကို စစ်ရေးရည်မှန်းချက်ချကာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေပြီး ၎င်းတို့အား ထောက်ခံသော အင်အားစု၊ အစုအဖွဲ့များက အထောက်အကူပြု ကာကွယ်ပေးခြင်းကြောင့် မြန်မာ့သမိုင်းတွင် မကြုံခဲ့ဖူးသော အပြင်းထန်ဆုံး ပြည်တွင်းစစ်ကို အရပ်သားပြည်သူများ ရင်ဆိုင်နေရပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ်၊ ထန်တလန်မြို့အား ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၉) ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်မီးရှို့မှုကြောင့် အိမ်ခြေရာပေါင်းများစွာ မီးလောင်ဆုံးရှုံးရမှုနှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲရကြောင်းနှင့် စစ်ကောင်စီအနေဖြင့် အမှန်တရားကို ဖုံးကွယ်၍မရကြောင်းကိုလည်း KIO က ပြောကြားထားသည်။

ထန်တလန်မြို့ကို အောက်တိုဘာလ (၂၉) ရက်နေ့တွင် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးများဖြင့် မြို့တွင်းလူနေရပ်ကွက်ဘက်ပစ်၍ တစ်နေကုန် မီးလောင်ကျွမ်းသွားပြီးနောက် အဆိုပါမီးလောင်ကျွမ်းမှုမှာ ဒေသကာကွယ်ရေးအဖွဲ့ PDF များ လုပ်ဆောင်ခြင်းဖြစ်သည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့၏ ဝါဒဖြန့်မီဒီယာမှတစ်ဆင့် စွပ်စွဲပြောထားခြင်းဖြစ်သည်။