မိုင်းယောင်းမြို့မှ ကျောင်းဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းအချို့က CDM ကမ်ပိန်းစတင်

မိုင်းယောင်းမြို့မှ ကျောင်းဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းအချို့က CDM ကမ်ပိန်းစတင်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကျောင်းဆရာ၊ဆရာမများနှင့်ပညာရေးဝန်ထမ်းအချို့က စစ်အာဏာရှင်လက်အောက်တွင် ဆက်လက်တာဝန်မထမ်းဆောင်လိုတော့၍  Civil Disobedience Movement ကမ်ပိန်းကို ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် စတင်လိုက်သည်။

"ကျွန်တော်တို့ ဘာကိစ္စပဲရှိရှိ ဆက်ပြီးတော့ ရုံးမသွားဘူး။  Civil disobedience ဆက်ပြီးလုပ်မှာပါ။ အခု CDM လုပ်တဲ့ ဝန်ထမ်းတွေအကုန်လုံး အလုပ်ထွက်တာမဟုတ်ပါဘူး။  စစ်အာဏာရှင်ယန္တရားလည်ပတ်ဖို့အတွက် အလုပ်မလုပ်နိုင်ဘူးဆိုပြီးတော့ ကမ်ပိန်းလုပ်တာပါ။"ဟု CDM ကမ်ပိန်းတွင် ပါဝင်သူ ဆရာတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မိုင်းယောင်းမြို့မှ ဆရာ ဆရာမများက အခြားသော ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့်လည်း ပါဝင်လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားရှိသည်။

တာချီလိတ်ခရိုင်အတွင်းမှ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ် နှင့် မိုင်းယောင်းတို့မှ ကျောင်းဆရာ၊ ဆရာမများထဲက (၈၀)ရာခိုင်နှုန်းမှာ Civil disobedience movement ကမ်ပိန်းတွင် ပါဝင်ထားကြပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency