TRDF အဖွဲ့က စစ်အာဏာရှင်တော်လှန်ရေးဗီနိုင်း ဗဟန်းလူကူးတံတားတွင် ချိတ်ဆွဲ

TRDF အဖွဲ့က စစ်အာဏာရှင်တော်လှန်ရေးဗီနိုင်း ဗဟန်းလူကူးတံတားတွင် ချိတ်ဆွဲ
By Tachileik News Agency

စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် TRDF က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်အတွင်းရှိ လူကူးကုန်းကျော်တံတားတစ်ခုပေါ်တွင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေးဗီနိုင်းချိတ်ဆွဲခဲ့ကြောင်း သိရသည်။

"အသက်ကြွေး၊ ဘဝအကြွေးတွေ ယူထားတာများနေပြီဖြစ်တဲ့ မင်းတို့အမှားတွေအတွက် မင်းတို့အနောက်မှာ ငါတို့တွေ အရိပ်လို အမြဲလိုက်နေမယ်ဆိုတာ မြဲမြဲမှတ်ထားကြ။ ဘယ်သူ့သွေးက ပိုရဲလဲ။ တရားတဲ့သူတွေသာ နိုင်ကြေးဟေ့"ဟု စာတန်းရေးသားထားသည့် ဗီနိုင်းကို တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ဖြစ်သည့် Twantay Royal Defence Force- TRDF က ချိတ်ဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာရှင်တော်လှန်နေသည့် TRDF အဖွဲ့ဝင်အချို့ ပြီးခဲ့သည့်လအနည်းက ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးအာ အာဏာသိမ်းအဖွဲ့၏ စစ်ကြောရေးတွင် အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီသည် စစ်အာဏာရှင်ဆန့်ကျင်သည့်လူထုအား နည်းလမ်းမျိုးစုံဖြင့် အကြမ်းဖက်နှိမ်နှင်းမှုများကို ဆက်တိုက်လုပ်နေသော်လည်း တစ်နှစ်ကျော်လာသည်အထိ လူထုက နည်းလမ်းမျိုးစုံဖြင့် ဆက်လက်ဆန့်ကျင်နေမှုကို ရင်ဆိုင်နေရခြင်းဖြစ်သည်။