တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ်(၂)တံတားကို အချိန်(၃)နာရီအကြာ ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်

တာချီလိတ် - မယ်ဆိုင်အကြား ချစ်ကြည်ရေးအမှတ်(၂)တံတားကို အချိန်(၃)နာရီအကြာ ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားကို    (၃) နာရီအကြာပိတ်ထားပြီးနောက် နေ့လည်(၁)နာရီအချိန်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်သည်။

Covid-19 ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ် (၂) တံတားကို ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက် (၁၀) နာရီတွင် တပ်မှ ရုတ်တရက် လာရောက်ပိတ်လိုက်သဖြင့် ကုန်တင်ယာဉ်ငယ်များ အများအပြားပိတ်မိခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နေ့လည် (၁) နာရီဝန်းကျင်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် ပုံမှန်အတိုင်း သွားလာနေပြီဖြစ်သော်လည်း တံတားဝင်းအတွင်း တပ်မှ စောင့်ကြပ်မှုများရှိနေဆဲဖြစ်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်တွင် ပိတ်မိနေသည့် မြန်မာကားများအလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာနေကြသည်။