နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အမှုဖွင့်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး
By Tachileik News Agency

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းပြီး ဖမ်းဆီး ထိန်းသိမ်းထားသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ကို ဖေဖေါ်ဝါရီလ (၃) ရက်နေ့၌ အမှုဖွင့်လိုက်ပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံးတွင် ဒုရဲမှူးကြီး သန်းအေးက ချုပ်ခွင့်ရမန်တောင်းသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးပစ္စည်းများကို ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတ ဦးဝင်းမြင့်အား ကပ်ဘေးကာလ စည်းကမ်းချိုးဖောက်မှုတို့ဖြင့် ဖေဖေါ်ဝါရီလ (၃) ရက်နေ့တွင် အမှုဖွင့်အရေးယူလိုက်ပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံး၌ ချုပ်မိန့်ရီမန်လျှောက်ထားကြောင်း သိရသည်။

စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် အရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီမှ တာဝန်ရှိသူများအား ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာ သိမ်းလိုက်သည့်အပြင် NLD ပါတီရုံးများနှင့် ပါတီတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေအိမ်များ၊ ပါတီရုံးများနှင့် ကော်မရှင်ရုံးများတွင် စစ်တပ်က ဝင်ရောက်ရှာဖွေခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Tachileik News Agency