တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဆတ်မြို့နယ်များတွင် Covid-19 ကူးစက်ခံထားရသူ  (၆၅)ဦး တစ်နေ့တည်း တွေ့ရှိ

တာချီလိတ်၊ ကျိုင်းတုံ နှင့် မိုင်းဆတ်မြို့နယ်များတွင် Covid-19 ကူးစက်ခံထားရသူ  (၆၅)ဦး တစ်နေ့တည်း တွေ့ရှိ
အောက်တိုဘာ 26, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသအတွင်း တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်မြို့နယ်တို့တွင် အောက်တိုဘာလ(၂၆)ရက်နေ့၏ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူ (၆၅)ဦး တွေ့ရှိကြောင်းသိရသည်။

ယနေ့ တစ်နေ့တာအတွင်း Covid-19 ပိုး ကူးစက်ခံထားရသူများအနေဖြင့် တာချီလိတ်မြို့နယ်တွင်းအနေဖြင့် (၁၄)ဦး၊ ကျိုင်းတုံမြို့နယ်တွင်းနေဖြင့် (၂၈)ဦး နှင့် မိုင်းဆတ်မြို့နယ်တွင်း အနေဖြင့် (၂၃)ဦး စုစုပေါင်း (၆၅)ဦး တွေ့ရှိရခြင်း ဖြစ်သည်။

လက်ရှိတွင် ကျိုင်းတုံမြို့ နှင့် မိုင်းဆတ်မြို့တွင် Covid-19 ဆက်လက်တွေ့ရှိနေခြင်း ဖြစ်သော်လည်း တာချီလိတ်မြို့တွင် ဆေးရုံ နှင့် Covid-19 စစ်ဆေးပေးသည့် ဆေးရုံဟောင်းသို့  လာရောက် စစ်ဆေးသူ နည်းပါး၍ ပိုးတွေ့ရှိရမှု ကျဆင်းသလို ဖြစ်နေသော်လည်း တကယ်တမ်းတွင် နေအိမ်၌ မိမိအစီအစဉ်ဖြင့် စစ်ဆေး၍ ပိုးတွေ့ရှိသည်များက ပို၍ များနေသေးကြောင်း ကျန်းမာရေးထံက သိရသည်။

တာချီလိတ်မြို့တွင် Covid-19 ကူးစက်မှု ကျဆင်းရေးအတွက် အသိပညာပေးမှုများ မရှိသည့်အပြင် ဒေသခံများကလည်း လိုက်နာမှု  အားနည်းနေသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၏ Covid-19 တတိယလှိုင်းကို ၂၀၂၁ခုနှစ် ဇွန်လ(၂၈)ရက်နေ့က တာချီလိတ်မြို့တွင် စတင်ခြင်းဖြစ်ပြီး ဒုတိယအနေဖြင့် ကျိုင်းတုံမြို့တွင် ဇွန်လ(၂၉)ရက်နေ့က စတင်သည်။