နိုင်ငံတော်၏ အာဏာသိမ်းယူမှုကို မိုင်းယောင်းမြို့မှ အထက(မိုင်းယောင်း)ကျောင်းသူ ကျောင်းသားဟောင်းများက ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချ

နိုင်ငံတော်၏ အာဏာသိမ်းယူမှုကို မိုင်းယောင်းမြို့မှ အထက(မိုင်းယောင်း)ကျောင်းသူ ကျောင်းသားဟောင်းများက ပြင်းထွန်စွာ ကန့်ကွက်ရှုတ်ချ
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၏ ကျောင်းသူ ကျောင်းသားဟောင်းများက ပြည်သူများမှ ရွေးချယ်ထားသည့် တရားဝင်အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များအား တရားမဲ့ ဖမ်းဆီးသည့် တပ်မတော်၏ လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားချက်တစ်စောင်ကို ဖေဖော်ဝါရီလ(၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားရှိသည်။

အဆိုပါ ကျောင်းသူ ကျောင်းသူဟောင်းများက Civil Disobedience Movement (CDM) ကမ်ပိန်းတွင် ဦးဆောင်လှုပ်ရှားနေသည့် ပြည်သူ့ဝန်ထမ်းများကို အစဉ်တစ်စိုက် ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် ပတ်သက်၍ မိုင်းယောင်းမြို့မှ  ကျောင်းဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းအချို့က ပါဝင်ထားပြီး  Civil Disobedience Movement တွင် ပါဝင်သည့် ဝန်ထမ်းများကိုလည်း ထောက်ခံကြောင်းကို သတင်းထုတ်ပြန်ထားရှိကြောင်းလည်း သိရသည်။

Tachileik News Agency