ထုိင္းႏုိင္ငံတြင္ေနထုိင္သည့္အမ်ိဳးသားတစ္ဦးကို က်ည္မ်ိဳးစံု (၆၃၈)ေတာင့္ႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕အဝင္စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ

ထုိင္းႏုိင္ငံတြင္ေနထုိင္သည့္အမ်ိဳးသားတစ္ဦးကို က်ည္မ်ိဳးစံု (၆၃၈)ေတာင့္ႏွင့္အတူ တာခ်ီလိတ္ၿမိဳ႕အဝင္စစ္ေဆးေရးဂိတ္တြင္ ဖမ္းမိ
ဇွန် 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕အဝင္ စစ္ေဆးေရးဂိတ္တြင္ ထို္င္းႏုိင္ငံတြင္ေနသည့္အမ်ိဳးသားတစ္ဦးအား မိုင္းလင္းမွသယ္လာသည့္ က်ည္မ်ိဳးစံု (၆၃၈)ေတာင့္ႏွင့္အတူ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၂)ရက္ေန႔ ညေန (၆)နာရီခြဲဝန္းက်င္တြင္ ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ နယ္ေျမခံတပ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က စစ္ေဆးမႈအတြင္း မုိင္းလင္းၿမိဳ႕ဘက္မွ တာခ်ီလိတ္ၿမိဳ႕တြင္းဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အသက္(၂၃)ႏွစ္အရြယ္ အာႏြတ္ခ်ိဳင္၏ ေက်ာပိုးအိတ္အတြင္းမွ M22 က်ည္ (၁၃၀)ေတာင့္၊ 5.56 က်ည္ (၁၀)ေတာင့္၊ ပိြဳင့္ 380 က်ည္ (၁၅၀)ေတာင့္၊ 12 ဗို႔က်ည္ (၁၂၅)ေတာင့္၊ပုလင္း(အနံ႔ေဆးရည္) (၁၂)လံုး၊ ပိြဳင့္ 45 က်ည္ (၂၃)ေတာင့္၊ ပိြဳင့္ 22 က်ည္ (၂၀၀)ေတာင့္ႏွင့္ သံဘြတ္ (၂၈)လံုးတုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

“လက္ရိွမွာေတာ့ အမႈဖြင့္ဖို႔ စစ္ေဆးေနဆဲျဖစ္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ရဲတပ္ဖြဲ႕ဝင္တစ္ဦးက ည (၈)နာရီခြဲဝန္းက်င္တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ည္မ်ိဳးစံုႏွင့္အတူ ဖမ္းမိထားသည့္ အာႏြတ္ခ်ိဳင္သည္ ထုိင္းႏုိင္ငံတြင္ ေနထုိင္သူတစ္ဦးျဖစ္ေၾကာင္း သိရၿပီး ဆက္လက္စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင်နေထိုင်သည့်အမျိုးသားတစ်ဦးကို ကျည်မျိုးစုံ (၆၃၈)တောင့်နှင့်အတူ တာချီလိတ်မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ထို်င်းနိုင်ငံတွင်နေသည့်အမျိုးသားတစ်ဦးအား မိုင်းလင်းမှသယ်လာသည့် ကျည်မျိုးစုံ (၆၃၈)တောင့်နှင့်အတူ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့ ညနေ (၆)နာရီခွဲဝန်းကျင်တွင် ဖမ်းဆီးရမိထားကြောင်း သိရသည်။

မယ်ယန်းစစ်ဆေးရေးဂိတ်တွင် နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုအတွင်း မိုင်းလင်းမြို့ဘက်မှ တာချီလိတ်မြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် အသက်(၂၃)နှစ်အရွယ် အာနွတ်ချိုင်၏ ကျောပိုးအိတ်အတွင်းမှ M22 ကျည် (၁၃၀)တောင့်၊ 5.56 ကျည် (၁၀)တောင့်၊ ပွိုင့် 380 ကျည် (၁၅၀)တောင့်၊ 12 ဗို့ကျည် (၁၂၅)တောင့်၊ပုလင်း(အနံ့ဆေးရည်) (၁၂)လုံး၊ ပွိုင့် 45 ကျည် (၂၃)တောင့်၊ ပွိုင့် 22 ကျည် (၂၀၀)တောင့်နှင့် သံဘွတ် (၂၈)လုံးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

“လက်ရှိမှာတော့ အမှုဖွင့်ဖို့ စစ်ဆေးနေဆဲဖြစ်ပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ည (၈)နာရီခွဲဝန်းကျင်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျည်မျိုးစုံနှင့်အတူ ဖမ်းမိထားသည့် အာနွတ်ချိုင်သည် ထိုင်းနိုင်ငံတွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net