ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၆၂)ဦးအထိရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၆၂)ဦးအထိရှိလာ
ဇွန် 15, 2020
By Tachileik News Agency

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတစ်ဦးတွင် Covid-19 ပိုးတွေ့၍ ကူးစက်ခံရသူ (၂၆၂)ဦးအထိရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသည့် ရခိုင်ပြည်နယ်က အမျိုးသားတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိရ၍ မြန်မာနိုင်ငံတွင် Covid-19 ရောဂါကူးစက်ခံရသူ (၂၆၂)ဦးအထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ၂၀၂၀ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်(၈)နာရီက သတင်းထုတ်ပြန်သည်။

အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနက ဓါတ်ခွဲနမူနာ (၅၆၃)ခု နှင့် ခုတင်(၁၀၀၀)ဆံ့ အမှတ်(၁) တပ်မတော်ဆေးရုံကြီးမှ ဓါတ်ခွဲနမူနာ(၂၁၄)ခု တို့ကို  စစ်ဆေးရာက တစ်ဦးတွင် ပိုးတွေ့ရှိခြင်း ဖြစ်သည်။

ပိုးတွေ့ရှိသူ အသက်(၆၃)နှစ်အရွယ် အမျိုးသားဖြစ်ပြီး ဘူးသီးတောင်မြို့နယ်တွင် အသွားအလာကန့်သတ်ထားရှိသူဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နံနက်(၈)နာရီအထိ ကူးစက်ခံရသူ (၂၆၂)ဦးအထိရှိနေပြီး သက်သာပျောက်ကင်းသူမှာ (၁၆၇)ဦးရှိကာ သေဆုံးသူမှာ (၆)ဦးရှိကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~