မန္တလေး - လားရှိုးကားလမ်းပေါ်တွင် ကျပ်သိန်းပေါင်း (၃၆၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Photo: CCDAC Myanmar
Photo: CCDAC Myanmar
မန္တလေး - လားရှိုးကားလမ်းပေါ်တွင် ကျပ်သိန်းပေါင်း (၃၆၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ နောင်ချိုမြို့နယ်အတွင်း မန္တလေး - လားရှိုးသွား ကားလမ်းပေါ်တွင် တန်ဖိုးငွေ ကျပ်သိန်းပေါင်း (၃၆၀၀)ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်း  မန္တလေး-လားရှိုးသွား ကားလမ်း၊ မိုင်တိုင်အမှတ်(၈၀/၄)အနီးတွင် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၄)ရက်နေ့ နေ့လည်(၁၂)နာရီဝန်းကျင်အချိန်က သီပေါမြို့ဘက်မှ မန္တလေးမြို့ဘက်သို့ လာသည့် (၁၂)ဘီးယာဉ်အား စစ်ဆေးရှာဖွေရာမှ ယာဉ်အတွင်း ဆာလာအိတ်(၇)အိတ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆာလာအိတ်(၇)အိတ်ဖြင့် သိုဝှက်သယ်ဆောင်လာသည့်  မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ (၁၆.၆၁)ကီလို နှင့်  စိတ်ကြွရူးသွပ်ဆေးပြား (၂.၂၈)သိန်းတို့ ဖြစ်ပြီး စုစုပေါင်း ကာလပေါက်ဈေးမှာ ငွေကျပ်(၃၆၀၀)ကျော် တန်ဖိုးရှိသည်ဟု မူးယစ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ ယာဉ်မောင်း အသက်(၂၈)နှစ်ရှိ ယာဉ်မောင်း အောင်လင်းအား ဖမ်းဆီးထားပြီး အဆိုပါ မူးယစ်ဆေးဝါးများမှ သီပေါမြို့နယ်ကနေ မန္တလေးသို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ကွင်းဆက်များ ဆက်လက်စစ်ဆေးဖော်ထုတ်နေသည်ဟု သိရသည်။