ရှမ်းမြောက် မြို့ ၃ခုတွင် တိုက်ပွဲဆက်ဖြစ်၊ မန်တုံမြို့တွင် စစ်ကောင်စီတပ် ဗုံးကြဲခြင်းကြောင့် နေအိမ်များပျက်စီး

ရှမ်းမြောက် မြို့ ၃ခုတွင် တိုက်ပွဲဆက်ဖြစ်၊ မန်တုံမြို့တွင် စစ်ကောင်စီတပ် ဗုံးကြဲခြင်းကြောင့် နေအိမ်များပျက်စီး
ဒီဇင်ဘာ 21, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံ၊ ကွတ်ခိုင်၊ နမ္မတူမြို့များရှိ စစ်ကောင်စီတပ်စခန်းများကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)က ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ဆက်လက်တိုက်ခိုက်နေရာ တိုက်ပွဲများပြင်းထန်နေကြောင်း သိရသည်။

မန်တုံမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၁၈)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၄၉)ကြိမ်၊ ဗုံး(၂၂၇)လုံး လာရောက်ကြဲချခဲ့ရာ  မန်တုံရဲစခန်း၊ လွယ်ကန်ကျေးရွာ၊ မန်ကန်ကျေးရွာ၊ ဒုက္ခသည်စခန်းအနီးတဝိုက်နှင့် ပန်နင်ကျေးရွာလမ်းခွဲရှိ နေအိမ်များစွာ လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်မှ ကြူရှောကျေးရွာ၊ ဟိုဆွန်ကျေးရွာနှင့် နမ့်မာန်ကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် (၈)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ္မတူမြို့ စစ်ကောင်စီတပ်စခန်းမှ ခိုဖိတ်ကျေးရွာ၊ မန်ကျန်၊ နမ့်မဆော်၊ နမ့်တောင်ကုန်းကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၇၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မိုးကုတ်မြို့နယ် စစ်ကောင်စီတပ်မှ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ကွတ်ခိုင်မြို့ စစ်ကောင်စီတပ်မှ ပန်ဆေးကျေးရွာနှင့် ကုန်းဆာကျေးရွာကြားသို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ (၆၈)ဂိတ်တပ်မှ အီနိုင်းကျေးရွာ၊ ပန်ဟုံကျေးရွာသို့ လက်နက်ကြီးဖြင့် (၉)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News