ေက်ာက္မဲတြင္ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုး

ေက်ာက္မဲတြင္ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုး
ဇွန် 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ ဇြန္လ (၁၉) ရက္ေန႔နံနက္ပိုင္းက အသက္ (၃၉) ႏွစ္အရြယ္ အမိ်ဳးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို မိသားစုဝင္မ်ားက ေတြ႔ရွိရသျဖင့္ ရဲတပ္ဖြဲ႕က စစ္ေဆးမႈမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္ (၇) ရပ္ကြက္၊ နယ္ေျမ (၉)တြင္ မိသားစုႏွင့္အတူေနထိုင္သည့္ စည္သူေအာင္ ဆိုသူသည္ ေနအိမ္ႏွင့္ မီးဖိုေဆာင္ကူးသည့္ အခန္းတံခါးဝ၌ ႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ဇြန္လ (၁၉) ရက္ေန႔ နံနက္ (၇) နာရီခန္႔တြင္ မိသားစုဝင္မ်ားက ေတြ႕ရွိခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

“မီးဖိုေခ်ာင္ဘက္ ကူးတ့ဲတံခါးေပါက္မွာ သူကႀကိဳးတန္းလန္းနဲ႔ လိုက္ကာစက ကြယ္ေနတာကို ဒီမနက္မွ ေတြ႕ၾကတာလို႔ ေျပာတယ္။ ညကတည္းက ေသဆံုးေနတ့ဲ အေနအထားလို႔ ယူဆရတယ္။ ခႏၶာကိုယ္က ေတာင့္ေနၿပီ” ဟု ေသဆံုးသူအား သြားေရာက္သယ္ေဆာင္ခ့ဲသည့္ ဇီဝိတလူမႈကူညီေရးအသင္းမွ ကိုေစာမင္းၾကဴက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အေလာင္းအား ေက်ာက္မဲျပည္သူ႔ေဆးရံုတြင္ စစ္ေဆးရန္ ပို႔ေဆာင္ထားေၾကာင္း သိရၿပီး ေက်ာက္မဲၿမိဳ႕မ ရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ ၉/၂၀၁၈ ျဖင့္ အမႈဖြင့္ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - ေစာမင္းၾကဴ


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇွန်လ (၁၉) ရက်နေ့နံနက်ပိုင်းက အသက် (၃၉) နှစ်အရွယ် အမျိုးသားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးနေသည်ကို မိသားစုဝင်များက တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ် (၇) ရပ်ကွက်၊ နယ်မြေ (၉)တွင် မိသားစုနှင့်အတူနေထိုင်သည့် စည်သူအောင် ဆိုသူသည် နေအိမ်နှင့် မီးဖိုဆောင်ကူးသည့် အခန်းတံခါးဝ၌ ကြိုးဆွဲချသေဆုံးနေသည်ကို ဇွန်လ (၁၉) ရက်နေ့ နံနက် (၇) နာရီခန့်တွင် မိသားစုဝင်များက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မီးဖိုချောင်ဘက် ကူးတဲ့တံခါးပေါက်မှာ သူကကြိုးတန်းလန်းနဲ့ လိုက်ကာစက ကွယ်နေတာကို ဒီမနက်မှ တွေ့ကြတာလို့ ပြောတယ်။ ညကတည်းက သေဆုံးနေတဲ့ အနေအထားလို့ ယူဆရတယ်။ ခန္ဓာကိုယ်က တောင့်နပြေီ” ဟု သေဆုံးသူအား သွားရောက်သယ်ဆောင်ခဲ့သည့် ဇီဝိတလူမှုကူညီရေးအသင်းမှ ကိုစောမင်းကြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလောင်းအား ကျောက်မဲပြည်သူ့ဆေးရုံတွင် စစ်ဆေးရန် ပို့ဆောင်ထားကြောင်း သိရပြီး ကျောက်မဲမြို့မ ရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၉/၂၀၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - စောမင်းကြူ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~