KIA ၏ အမှတ်(၈)တပ်ရင်းက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး

KIA ၏ အမှတ်(၈)တပ်ရင်းက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီး
ဇွန် 27, 2021 | ရှမ်းမြောက်

ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA)၏ တပ်မဟာ (၄)လက်အောက်ရှိ အမှတ်(၈)တပ်ရင်းမှ စစ်သည်များက ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် ကာလိုင်ကျေးရွာအနီးရှိ KIA ၏ တပ်စခန်း တစ်နေရာတွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၆)ရက်နေ့ ညနေပိုင်းက မီးရှို့ ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။



တပ်မဟာ (၄)လက်အောက်ရှိ အမှတ်(၈)တပ်ရင်းမှ ၂၀၂၁ခုနှစ် မတ်လ(၈)ရက်နေ့မှ ဧပြီလ(၁၈)ရက်နေ့အထိ ဖမ်းဆီးရမိသည့် ဘိန်းဖြူ ဆပ်ပြာခွက် (၁၇၂)ခွက် နှင့် စိတ်ကြွဆေးပြား (၈၅၆)ပြားတို့ကို မီးရှို့ဖျက်ဆီးခြင်း ဖြစ်ကြောင်း  သိရသည်။ 

(၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးအလွဲသုံးမှု၊ တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်နေ့အဖြစ် KIA တပ်မဟာများကလည်း ယခုလို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။  



#TachileikNewsAgency

Photo: VOK