ကျောက်မဲမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၃၀၀)ကျော် ဖမ်းဆီးရမိ

ကျောက်မဲမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား  (၂၃၀၀)ကျော် ဖမ်းဆီးရမိ
ကျောက်မဲမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၃၀၀)ကျော် ဖမ်းဆီးရမိ
ကျောက်မဲမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား (၂၃၀၀)ကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၉)ရပ်ကွက်တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးအား စစ်ဆေးရာ မူးယစ်ဆေးဝါးများ ရှာဖွေတွေ့ရှိ၍ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

စရတ(ကျောက်မဲ)မှအထူးတပ်ဖွဲ့ဝင်များနှင့် ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များ ပါဝင်သည့်  ပူးပေါင်း အဖွဲ့သည် ၂၀၂၁ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင် အချိန်က  လှည့်ကင်းဆောင်ရွက်စဉ် ရပ်ကွက်(၉)၊ နယ်မြေ(၁)၊ ဇီဇဝါလမ်းအတွင်း၌ စစ်ဆေးမှုများ ပြုလုပ်စဉ် ဆိုင်ကယ်မောင်းလာသည့် အမျိုသားတစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်သည်။

ဆိုင်ကယ်ဖြင့် မောင်းလာသူ အသက်(၁၉)နှစ်ရှိ စိုင်းခမ်းအောင် ဆိုသူအား ပူးပေါင်းအဖွဲ့မှ ရပ်တန့်စစ်ဆေးရှာဖွေရာက ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၂,၃၄၆)ပြားကို တွေ့ရှိ သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိ ဖမ်းဆီးရမိသည့် စိုင်းခမ်းအောင် ဆိုသူအား  ကျောက်မဲမြို့မရဲစခန်းတွင် မယ (ပ) ၁၂/ ၂၀၂၁၊ မူး/စိတ် ပုဒ်မ- ၁၉ (က) ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု သိရသည်။

တဆက်တည်းမှာပင် ဇန်နဝါရီလ (၁၃)ရက် နံနက်ပိုင်းအတွင်း ကျောက်မဲမြို့ အောင်ဆန်းလမ်းနှင့် ပတ္တမြားလမ်းထောင့်၌ ဆိုင်ကယ်စီးလာသော အသက်(၁၈)နှစ်အရွယ်များဖြစ်သည့် စိုင်းဆိုင်မိန်း နှင့် ဇာနည်ကျော်ဆိုသူတို့အား   ရဲတပ်ဖွဲ့က ရပ်တန့် စစ်ဆေး ရှာဖွေရာ ၎င်းတို့ထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား (၁၆)ပြားရှာဖွေ တွေ့ရှိ၍ ၎င်းတို့အား ကျောက်မဲမြို့မရဲစခန်းတွင် ဖမ်းဆီး အရေးယူထားကြောင်း သိရှိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...