တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအတက်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအတက်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်
အောက်တိုဘာ 25, 2020
By Tachileik News Agency

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းအတက်လမ်းတွင် ယာဉ်တစ်စီးတိမ်းမှောက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ရီဂျီးနားဂေါက်ကွင်းလမ်းတွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅)ရက်နေ့ ညပိုင်းက မော်တော်ယာဉ်တစ်စီး တိမ်းမှောက်သွားပြီး ယာဉ်မောင်းတိမ်းရှောင်သွားသဖြင့် ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့က ကရိန်းဖြင့် မယူဖယ်ရှားထားသည်။
"ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးထင်ပါတယ်။ လူတော့တစ်ယောက်မှ မတွေ့တော့ဘူး။ ကားပဲတွေ့တယ်"ဟု အခင်းဖြစ်နေရာတွင် ရောက်ရှိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မော်တော်ယာဉ်မှာ ပက်လက်လန်တိမ်းမှောက်သွားခြင်းဖြစ်၍ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာအား စစ်ဆေးပြီး မော်တော်ယာဉ်အား ကရိန်းဖြင့်မယူဖယ်ရှားနေကြသည်ကို တွေ့ရသည်။
မော်တော်ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~