တာချီလိတ်မြို့၏ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များမှ စုပေါင်းကာ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာပေးဝေရာ အမှန်တကယ်လိုအပ်ပြီး မရရှိသေးသူများအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက် စာရင်းပေးနိုင်

ဧပြီ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့၏ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များမှ စုပေါင်းကာ ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားများအတွက် စားနပ်ရိက္ခာပေးဝေရာ အမှန်တကယ်လိုအပ်ပြီး မရရှိသေးသူများအနေဖြင့် မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ သွားရောက် စာရင်းပေးနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်တွင် ကနဦး စာရင်းရထားသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၂,၈၅၀) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့မှစ၍ စားနပ်ရိက္ခာအိမ်တိုင်ရာရောက် ပေးဝေမှုစတင်နေပြီး စာရင်းကျန်နေခဲ့သည့် ပုံမှန်ဝင်ငွေမရှိ အခြေခံလူတန်းစားများရှိပါက သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များထံ စာရင်းပေးနိုင်ကြောင်း သိရသည်။

“စာရင်းကျန်နေတယ်ဆိုရင် ရပ်ကွက်အလိုက် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးတွေကို စာရင်းပေးလို့ရသလို လှူဒါန်းတဲ့အဖွဲ့ဆီကိုလည်း တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်”ဟု တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား  စားနပ်ရိက္ခာထောက်ပံ့သည့် အစိုးရ၏ အစီအစဉ်အရ ဆောင်ရွက်သော်လည်း တာချီလိတ်မြို့မှ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များက နိုင်ငံတော်၏ အထောက်အပံ့ကို မယူတော့ဘဲ  မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ၏ စုပေါင်းထောက်ပံ့လှူဒါန်းမှုများဖြင့် နိုင်ငံတော်ကိုယ်စားကူညီထောက်ပံ့ခွင့်ပြုရန် ဧပြီလ (၉)ရက်နေ့က ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ခွင့်ပြုချက်တောင်းပြီး အစိုးရကိုယ်စား ကူညီထောက်ပံ့နေကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က စာရင်းကောက်တာကတော့ အိမ်ငှားနေတဲ့သူတွေပါ မကျန်တော့ ကောက်တယ်။ မနေ့ကတော့ ကျန်ခဲ့တယ်ဆိုပြီး လာပြောတဲ့အိမ်ထောင်စုတစ်ချို့ကိုလည်း ထပ်ပေးထားပါတယ်”ဟု ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။

တာချီလိတ်မှ မြို့မိမြို့ဖနှင့် လုပ်ငန်းရှင်များက ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ဆန် (၁၆) ကီလို၊ ဆီ (၁)ကီလို၊ ဆား(၁)ကီလို၊ ကုလားပဲ (၁) ပိဿာနှင့် ကြက်သွန်နီ (၁)ပိဿာနှုန်းဖြင့် ပေးဝေနေခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် အိမ်ထောင်စုများအား စားနပ်ရိက္ခာပေးဝေခြင်းကို ဧပြီလ (၁၀) ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ဝမ်လုံးကျေးရွာအုပ်စုတို့၌ လည်းကောင်း၊ ဧပြီလ (၁၁)ရက်နေ့တွင် ကျိုင်းလပ်မြို့ရှိ ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃)ခုနှင့် တာချီလိတ်မြို့ပေါ်ရှိ ဆေခမ်းရပ်ကွက်တို့၌ လည်းကောင်း၊ ဧပြီလ (၁၆)ရက်နေ့တွင် တာလေအပါအဝင် ကျန်ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ လိုက်လံပေးဝေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~