တာချီလိတ်မြို့ တွင် ဆောက်လုပ်ရေးရုံး နှင့် မြို့နယ် လဝက ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွား

တာချီလိတ်မြို့ တွင် ဆောက်လုပ်ရေးရုံး နှင့် မြို့နယ် လဝက ရုံးအနီး ပေါက်ကွဲမှု ဖြစ်ပွား
ဖေဖော်ဝါရီ 1, 2023 | 2021 Military Coup| ရှမ်းရှေ့

 တာချီလိတ်မြို့  ဆောက်လုပ်ရေးရုံး နှင့် မြို့နယ် လဝက ရုံးအနီး တွင် ပေါက်ကွဲမှု ယနေ့ ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ ည(၆)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က ဖြစ်ပွားကြောင်း သိရသည်။

"အဝေးကြီးကနေတောင် ပေါက်ကွဲသံ အကျယ်ကြီး တချက်ကြားရတယ်။ ဘာဖြစ်လဲတော့ မသိသေးဘူး။ "ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပေါက်ကွဲမှုကြောင့် စစ်တပ် နှင့် ရဲတို့ ရောက်ရှိနေပြီး စစ်ဆေးနေလျှက်ရှိသည်ဟု ကနဦး သိရသည်။