တာချီလိတ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ Civil Disobedience Campaign စတင်

တာချီလိတ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ Civil Disobedience Campaign စတင်
ဖေဖော်ဝါရီ 3, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

တာချီလိတ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ Civil Disobedience Campaign စတင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်များ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်အနေဖြင့်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် Civil Disobedience Campaign စတင် ပါဝင်လာသည်။

ကျွန်တော်တို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်နေကြတာ။ ကျွန်တော်တို့ကလည်း အစကတည်းက Plan ရှိထားတော့ လုပ်ဖြစ်သွားတာ။ ကိုယ်ရွေးချယ်ထားတဲ့အစိုးရမဟုတ်ဘဲ စစ်အစိုးရလက်အောက်မှာတော့ မနေချင်ဘူး။ သူတို့ပေးတဲ့ အမိန့်နဲ့ လုပ်ရမှာအဆင်မပြေဘူး

ဟု Civil Disobedience Campaign တွင် ပါဝင်သည့် လက်ထောက်ဆရာဝန်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

တာချီလိတ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ၏ ဆန္ဒသဘောထား ထုတ်ပြန်ချက်

Civil Disobedience Campaign တွင် တာချီလိတ်ခရိုင်ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်များ အားလုံးပူးပေါင်းပါဝင်ခဲ့ပြီး ဖေဖော်ဝါရီ (၃) ရက်နေ့တွင် လက်ကျန်လူနာများကို ကြည့်ရှုစစ်ဆေးမှုများ လုပ်ဆောင်ပေးပြီး နောက်ရက်များတွင် တာဝန်ထမ်းဆောင်မည် မဟုတ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စစ်တပ်မှအာဏာသိမ်းယူခဲ့သည့်အတွက် ဖေဖော်ဝါရီလ (၂) ရက်နေ့မှစတင်ပြီး မန္တလေးကုတင်(၃၀၀)ကလေးအထူးကုဆေးရုံကြီးမှ လက်ထောက်ဆရာဝန်များမှ ဖေဖော်ဝါရီလ (၃) ရက်နေ့မှစတင်ပြီး Civil Disobedience Campaign ပြုလုပ်ရန် ထုတ်ပြန်ခဲ့ရာမှစပြီး မြန်မာနိုင်ငံတွင်းရှိ ဆေးရုံအမျာအပြားမှ လက်ထောက်ဆရာဝန်များ ပူးပေါင်းပါဝင်လာခဲ့သည်။

Tachileik News Agency