တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၂)ဦး တစ်နေ့တည်း ထပ်တိုး

တာလေမြို့တွင် Covid-19 ကူးစက်ခံထားရသူ (၃၂)ဦး တစ်နေ့တည်း ထပ်တိုး
အောက်တိုဘာ 2, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် တာလေမြို့တွင် အောက်တိုဘာလ(၂)ရက်နေ့ တစ်နေ့တာအတွင်း လူပေါင်း (၁၂၀)ကျော်ကို စစ်ဆေးရာ Covid-19 ပိုးကူးစက်ခံထားရသူ (၃၂)ဦး ထပ်တိုးတွေ့ရှိကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ(၂)ရက်နေ့တွင် တာလေမြို့ မိုင်းလင်အနောက်၊ ပါလိုင်ကျေးရွာမှ (၂)ဦး၊ ရပ်ကွက်(၁)မှ (၅)ဦး နှင့် ရပ်ကွက်(၄)မှ (၂၃)ဦး အမျိုးသား(၁၆)ဦး နှင့် အမျိုးသမီး(၁၆)ဦး စုစုပေါင်း (၃၂)ဦးတွင် Covid-19 ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ စစ်ဆေးတွေ့ရှိရသည့် (၃၂)ဦးမှာ အဓိက အားဖြင့် ဈေးသည်များဖြစ်ကြောင်း သိရသည်။ 

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ အထိ Covid-19 ကူးစက်ခံထားရသူ (၂၀၂)ဦးအထိရှိနေရာတွင် (၁၀၆)ဦးမှ နေအိမ်ပြန်ခွင့်ရရှိသွားကြပြီးနောက် လက်ရှိတွင် ကုသမှုခံယူနေဆဲမှာ (၉၃)ဦးရှိနေကာ Covid-19 ကူးစက်ခံထားရပြီး ရောဂါအခံကြောင့် သေဆုံးသူမှာလည်း အမျိုးသမီး (၃)ဦး ရှိနေကြောင်း သိရသည်။

 

 

ဆက်စပ်သတင်း

တာလေမြို့တွင် Covid-19 ကူးစက်ခံရသူ (၂၀)ဦး ထပ်တိုး