Covid-19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေစာရွက်ဖြင့် အိန္ဒိယမှ ဟောင်ကောင်သို့ လေကြောင်းခရီးစီးနင်းလာသူများထဲက (၄၉) ဦးတွင် ပိုးတွေ့

File photo: AFP/Noah Seelam
File photo: AFP/Noah Seelam
Covid-19 ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေစာရွက်ဖြင့် အိန္ဒိယမှ ဟောင်ကောင်သို့ လေကြောင်းခရီးစီးနင်းလာသူများထဲက (၄၉) ဦးတွင် ပိုးတွေ့

COVID 19 ကူးစက်ခြင်းမရှိကြောင်း ဓာတ်ခွဲအဖြေဖြင့် အိန္ဒိယနိုင်ငံမှ ဟောင်ကောင်သို့ လေကြောင်းခရီးစီးနင်းလာသည့် ခရီးသည် (၄၉) ဦးတွင် COVID 19 ကူးစက်နေသည်ကို တွေ့ရသဖြင့် ကူးစက်မှုမြင့်နေသည့် အိန္ဒိယ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံများဖြင့် လေကြောင်းခရီးစဉ်ပျံသန်းခြင်းကို ဟောင်ကောင်က နှစ်ပတ်ကြာ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါလေယာဉ်တွင် ခရီးသည်မည်မျှလိုက်ပါလာသည်ကိုမူ အစိုးရက ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း အဆိုပါ နိုင်ငံများနှင့် လေကြောင်းခရီးစဉ်များကို ဧပြီလ (၁၉) ရက်နေ့မှစ၍ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဟောင်ကောင်တွင် ဇန်နဝါရီကတည်းက COVID 19 ကပ်ရောဂါကူးစက်မှု ထိန်းချုပ်နိုင်နေပြီး နေ့စဉ် အတည်ပြုလူနာအနည်းငယ်သာ တွေ့ရတော့သည့် အခြေအနေမှ လေကြောင်းခရီးသည်များတွင် ကူးစက်ခံထားရမှုများကြောင့် ရုတ်ချည်း အတည်ပြုလူနာတိုးလာခြင်းဖြစ်ကြောင်း သိရသည်။

လေကြောင်းခရီးစီးနင်းသူများအနေဖြင့် လေယာဉ်မစီးနင်းမီ (၇၂) နာရီအတွင်း ဆေးစစ်ထားသည့် ဓာတ်ခွဲအဖြေဖြင့် စီးနင်းလာသူများဖြစ်ကြပြီး ဟောင်ကောင်တွင် သုံးပတ်အသွားအလာကန့်သတ်ထားစဉ် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်ဒေသသည် COVID 19 စစ်ဆေးရန် အသွားအလာကန့်သတ်ခြင်းကို သုံးပတ်သတ်မှတ်ထားပြီး ကမ္ဘာပေါ်တွင် အတင်းကြပ်ဆုံး သတ်မှတ်ထားခြင်းဖြစ်သည်။

လတ်တလောတွင် အိန္ဒိယနိုင်ငံ၌ ကူးစက်မှုအလွန်မြင့်မားနေပြီး ဆေးရုံများတွင် လူနာကုတင်မလုံလောက်တော့သည်အထိ ကြုံတွေ့နေရသဖြင့် အစိုးရအနြေဖင့် စီးပွားရေးထိခိုက်မှုကို လျစ်လျူရှုကာ ကန့်သတ်မှုများ လုပ်ဆောင်နေရကြောင်း သိရသည်။

Ref; CNA