မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၆)မြို့နယ်တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၆)မြို့နယ်တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး
နိုဝင်ဘာ 28, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း (၁၆)မြို့နယ်တွင် တစ်နေ့တည်း Covid-19 အတည်ပြုလူနာ (၇၀)ဦး ထပ်တိုး
မကွေးတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ(၂၈)ရက်နေ့တွင် မြို့နယ်ပေါင်း (၁၆)မြို့နယ်၌ COVID-19 အတည်ပြုလူနာ (၇၀)ဦးထပ်တိုး တွေ့ရှိရသဖြင့် မကွေးတိုင်းတွင် ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၁,၃၇၀)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ 
“ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ ပိုးတွေ့နှုန်း မသိမသာ မြင့်တက်လာတယ်။ တိုင်းခြားက အိမ်စီး ကားတွေနဲ့ ခိုးဝင်လာသူတွေရှိနေတာကြောင့် ရွာထဲ၊ ရပ်ကွက်ထဲ လျှောက်သွားနေတာမျိုးတွေရှိနေရင် ထိန်းရခက်ခဲပါလိမ့်မယ်။ ဒေသတွင်း ကူးစက်မှုများလာနေလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို မဖြစ်မနေ လိုက်နာဆောင်ရွက်ကြဖို့  တိုက်တွန်းချင်ပါတယ်”ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦး စီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ နိုဝင်ဘာ(၂၄)ရက်နေ့တွင် ထုတ်ပြန်သော RDT နှင့် NHL results တို့ အရ COVID-19 အတည်ပြုလူနာတွေ့ရှိမှုမှာ မကွေး (၁၁) ဦး၊ အောင်လံ (၈) ဦး၊ စလင်း (၆) ဦး၊ နတ်မောက် (၅) ဦး၊ ဆင်ပေါင်ဝဲ (၅) ဦး၊ တောင်တွင်းကြီး (၂)ဦး၊ မြိုင် (၃) ဦး၊ စေတုတ္တရာ (၁) ဦး၊ ရေနံချောင်း (၇)ဦး၊ မင်းလှ (၁)ဦး၊ မြို့သစ် (၆)ဦး၊ ပွင့်ဖြူ (၇)ဦး၊   မင်းဘူး( ၄ )ဦး၊ ချောက်( ၂ )ဦး၊ ပခုက္ကူ (၁)ဦး၊ ကံမ (၁)ဦး၊ စုစုပေါင်း (၇၀) ဦးတို့ ဖြစ်ကြသည်။
မကွေးတိုင်းအတွင်း (၂၅)မြို့နယ်ရှိသည့်အနက် (၂၅)မြို့နယ်စလုံးတွင် အတည်ပြုလူနာများ တွေ့ရှိနေရပြီး နိုဝင်ဘာ(၂၈)ရက်နေ့အထိ အောင်လံမြို့နယ်က ပိုးတွေ့လူနာ အများဆုံးမြို့နယ်အဖြစ် ဆက်လက်ရပ်တည်နေကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးအတွင်း ပိုးတွေ့လူနာစုစုပေါင်း (၁,၃၇၀)ဦးအထိ ရှိလာပြီး သေဆုံးသူမှာ (၃)ဦးရှိကာ ဆေးရုံမှ ဆင်းခွင့်ရသွားကြသူမှာ (၁,၀၄၀)ဦးရှိ၍ လက်ရှိတွင် ကုသမှု ခံယူနေသူ (၃၂၇)ဦးရှိနေကြောင်း သိရသည်။ 
  Tachileik News Agency
သတင်း - ဖီးနစ်
ဓာတ်ပုံ-Si Phyo Thu

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~