မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှ ပြန်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးတွင် COVID 19 ပိုးတွေ့

မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှ ပြန်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးတွင် COVID 19 ပိုးတွေ့
ဒီဇင်ဘာ 17, 2020
By Tachileik News Agency

 

မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှ ပြန်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းတစ်ဦးတွင် COVID 19 ပိုးတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့အဝင်၌ ရန်ကုန်မှ ပြန်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်း (၁) ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၇)ရက်နေ့က RDT ဖြင့် စစ်ဆေးတွေ့ရှိသည်။
 
အတည်ပြုလူနာ (၁)ဦး ထပ်တိုးလာသဖြင့် မိုင်းပျဉ်းတွင် ယခင်က အပါအဝင် ယနေ့အထိ အတည်ပြုလူနာ (၈)ဦး တွေ့ရှိထားပြီဖြစ်ပြီး ဒီဇင်ဘာလ(၁၆)ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ (၃)ဦးရှိပြီး လက်ရှိတွင် ကုသမှု ခံယူနေသူ (၅)ဦးရှိသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုင်းယန်း၊ မိုင်းယောင်းနှင့် မိုင်းပျဉ်းတို့၌ အတည်ပြုလူနာများ တွေ့ထားရခြင်းဖြစ်ပြီး ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ယခုထပ်တိုးလူနာ (၁)ဦးအပါအဝင် အတည်ပြုလူနာ (၁၄၀) ဦးရှိသည့်အနက် (၁၀၉)ဦးမှာ ဆေးရုံဆင်းခွင့်ရပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~