မိုင်းပျဉ်းမြို့တွင် Covid-19 ပိုးရှိသည့် လမ်းလုပ်သား (၁)ဦး ထပ်တိုး၍ စုစုပေါင်း အတည်ပြုလူနာ (၃)ဦး ရှိနေ

မိုင်းပျဉ်းမြို့တွင် Covid-19 ပိုးရှိသည့် လမ်းလုပ်သား (၁)ဦး ထပ်တိုး၍ စုစုပေါင်း အတည်ပြုလူနာ (၃)ဦး ရှိနေ
ဒီဇင်ဘာ 7, 2020
By Tachileik News Agency
မိုင်းပျဉ်းမြို့တွင်  Covid-19 ပိုးရှိသည့်  လမ်းလုပ်သား (၁)ဦး ထပ်တိုး၍ စုစုပေါင်း အတည်ပြုလူနာ (၃)ဦး ရှိနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့သို့ ရောက်နေသည့် လမ်းလုပ်သားအဖွဲ့မှ နောက်ထပ် အတည်ပြုလူနာ (၁) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၇)ရက်နေ့ နေ့လည်ပိုင်းတွင် ထပ်တိုးလာ၍ တစ်နေ့အတွင်း အတည်ပြုလူနာ (၂) ဦးတွေ့ရခြင်းဖြစ်သည်။
အဆိုပါ လမ်းလုပ်သားအဖွဲ့ မိုင်းပျဉ်းသို့ ရောက်လာသည့် လမ်းကြောင်းအား တာဝန်ရှိသူများက မေးမြန်းနေဆဲဖြစ်ကြောင်းနှင့် အသွားအလာကန့်သတ်ထားပြီး စစ်ဆေးရာက တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။ 
လမ်းလုပ်သား အမျိုးသား (၂)ဦး အတည်ပြုလူနာအဖြစ် ထပ်တိုးလာသဖြင့် မိုင်းပျဉ်း၌ ဒီဇင်ဘာလ(၇)ရက်နေ့အထိ အတည်ပြုလူနာ (၃)ဦး ရှိလာပြီဖြစ်သည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~