တာချီလိတ်မြို့ မိုင်းကိုးတွင် တရုတ်နိုင်ငံသားတစ်ဦး ကျောက်ပုံပိ၍ သေဆုံး

တာချီလိတ်မြို့ မိုင်းကိုးတွင် တရုတ်နိုင်ငံသားတစ်ဦး ကျောက်ပုံပိ၍ သေဆုံး
ဖေဖော်ဝါရီ 27, 2020
By Tachileik News Agency

တာချီလိတ်မြို့ မိုင်းကိုးတွင် တရုတ်နိုင်ငံသားတစ်ဦး  ကျောက်ပုံပိ၍ သေဆုံး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ အလည်လာသည့် တရုတ်နိုင်ငံသားတစ်ဦး ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ ည (၈)နာရီကျော်ဝန်းကျင်က ကျောက်ပုံပိ၍ သေဆုံးသွားသဖြင့် စစ်ဆေးနေကြောင်း သိရသည်။

တရုတ်နိုင်ငံသား ZHANG HONGIN သည်  မိုင်းကိုးကျေးရွာအုပ်စု၊ မောရှက် (လားဟူ) ရွာတောင်ပေါ်ရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုရှိ ခင်မင်ရင်းနှီးသူ ဦးအားယုံထံ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ ညနေ (၆)နာရီဝန်းကျင်က အလည်ရောက်လာပြီး ကုမ္ပဏီ၏ ဆောက်လုပ်ရေးမြေနေရာများအား လှည့်လည်ကြည့်ရှုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် အားယုံက ကုမ္ပဏီရှိ အလုပ်သမားနားနေဆောင်သို့ ပြန်လာနားနေစဉ် ZHANG HONGIN က တစ်ဦးတည်း ပတ်ဝန်းကျင်မြေနေရာများအား လိုက်လံကြည့်ရှုနေခဲ့ပြီး တစ်နာရီခန့်ကြာသည်အထိ ပြန်မလာသဖြင့် လိုက်ရှာရာမှ ကျောက်ပုံအောက်တွင်ပိ၍ သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

အခင်းဖြစ်နေရာကို ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးပြီးနောက် ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နံနက် (၁)နာရီမထိုးမီအချိန်တွင် အလောင်းအား ခရိုင်ပြည်သူ့ဆေးရုံ၌ ပို့စစ်ထားကြောင်း သိရသည်။

အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂/၂၀၂၀ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~