တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်ရှိ ဂေါပကရုံးအနီးတွင် ရပ်တန့်ထားခဲ့သည့် ဘုရားဖူး၏ ဆိုင်ကယ်တစ်စီး ခိုးယူခံရ

တာချီလိတ်ရွှေတိဂုံစေတီရင်ပြင်ရှိ ဂေါပကရုံးအနီးတွင် ရပ်တန့်ထားခဲ့သည့် ဘုရားဖူး၏ ဆိုင်ကယ်တစ်စီး ခိုးယူခံရ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့က ဘုရားဖူးလာသူတစ်ဦး ရပ်ထားသည့် ဆိုင်ကယ် (၁) စီး ခိုးယူခံရသဖြင့် ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

ရွှေတိဂုံဘုရား ဂေါပကရုံးနားလောက်မှာ ဇန်နဝါရီလ (၇) ရက်နေ့တုန်းက ည (၇)နာရီလောက်မှာ ထားခဲ့တယ်။ ဘုရားပတ် ပုတီးစိပ်၊ တရားထိုင်တယ်။ (၇)နာရီခွဲလောက်ပြန်လာတော့ ဆိုင်ကယ်က မရှိတော့ဘူး။ ဂေါပကရုံးနားမှာ ဆိုင်ကယ်ရပ်ထားတာ (၇)စီး၊ (၈)စီးလောက်ရှိတယ်။ အိမ်ကသွားကြတာ ဆိုင်ကယ်က (၂) စီးမှာ အဲဒီဆိုင်ကယ်က အသစ်လိုဖြစ်နေတော့ အဲဒီဆိုင်ကယ်ပါသွားတာ။ ဂေါပကရုံးမှာကလည်း လူကြီးတစ်ယောက်ထိုင်နေတာ ရှိတယ်။ (၈)နာရီလောက်ကျတော့ ရဲစခန်းသွား အမှုဖွင့်တယ်။ သူများတွေ ပြောကြတာကတော့ အဲဒီရွှေတိဂုံမှာ ဆိုင်ကယ်ပျောက်တာက (၁၀)စီးလောက်ရှိပြီတဲ့။ အုပ်စုဖွဲ့ပြီး ခိုးနေကြသလားမသိဘူး။

ဟု ဆိုင်ကယ်ပျောက်ဆုံးသည့် ဒေါ်သီက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် ပြောသည်။

ပျောက်ဆုံးသွားသည့် ဆိုင်ကယ်မှာ Honda Wave 125 အနက်ရောင်၊ လိုင်စင်နံပါတ် SHN 28128 ၊ အင်ဂျင်နံပါတ် JA21E 0041949၊  ဘောင်အမှတ် MLHTA 2118K5541949 ဖြစ်၍ အဆိုပါဆိုင်ကယ်အား လာရောက် ရောင်းချ၊ ပေါင်နှံပါက ပိုင်ရှင်ဖြစ်သူထံ ဆက်သွယ်အကြောင်းကြားပေးကြရန် မေတ္တာရပ်ခံထားသည်။

အဆိုပါဆိုင်ကယ်အား တွေ့ရှိပါက ဖုန်း 09 428776578 သို့ ဆက်သွယ်အကြောင်းကြားနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။