[Photo News ] နေရပ်ပြန် မြန်မာနိုင်ငံသားများကို ထိုင်းဘက်ကယာဉ်များဖြင့် တာချီလိတ်ရှိ စောင့်ကြည့်နေရာသို့ လိုက်လံပို့ဆောင်

[Photo News ] နေရပ်ပြန် မြန်မာနိုင်ငံသားများကို ထိုင်းဘက်ကယာဉ်များဖြင့် တာချီလိတ်ရှိ စောင့်ကြည့်နေရာသို့ လိုက်လံပို့ဆောင်
ဧပြီ 6, 2020
By Tachileik News Agency

[Photo News ] နေရပ်ပြန် မြန်မာနိုင်ငံသားများကို ထိုင်းဘက်ကယာဉ်များဖြင့်  တာချီလိတ်ရှိ စောင့်ကြည့်နေရာသို့ လိုက်လံပို့ဆောင်

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ ရောက်နေသည့် နေရပ်ပြန် မြန်မာနိုင်ငံသား (၁၉၉)ဦးကို  မြန်မာ - ထိုင်းနှစ်ဖက် ညှိနှိုင်းချက်ဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့ နံက်(၁၀)နာရီခွဲအချိန်က တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တဆင့် ပို့ဆောင်ပြီး ထိုမှတဆင့် တာချီလိတ်တွင် (၁၄)ရက် စောင့်ကြည့်မည့် နေရာဖြစ်သည့် မိုးကုတ်တရားရိပ်သာသို့  ထိုင်းဘက်က  မော်တော်ယာဉ်(၂၁)စီးဖြင့် လိုက်လံပို့ဆောင်သည်။

ကားဖြင့်ပို့ဆောင်သည့် အစီအစဉ်တွင် အလှူရှင်များ၏ ငွေများဖြင့် နှစ်ဖက်ညှိနှိုင်း အကုန်အကျခံကာ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်.

တာချီလိတ်တွင် အဆိုပါ မြန်မာနိုင်ငံသား(၁၉၉)ဦးကို (၁၄)ရက်အကြာ သီးခြားစောင့်ကြည့်ပြီးမှ နေရပ်ဒေသအသီးသီးသို့ ပြန်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~