တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတား မြန်မာဘက်တွင် COVID-19 ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ဆေးဖြန်း

တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတား မြန်မာဘက်တွင် COVID-19 ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ဆေးဖြန်း
မတ် 25, 2020
By Tachileik News Agency

တာချီလိတ်ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတား မြန်မာဘက်တွင် COVID-19 ကာကွယ်ရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် ဆေးဖြန်း

ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဖြစ်ပွားမှုများနေသည့် ထိုင်းနိုင်ငံဘက်မှ မြန်မာလုပ်သားများ နေရပ်ပြန်ရန် ဝင်ရောက်ခဲ့သည့် တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကို ၂၀၂၀ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ ညပိုင်းတွင် ကျန်းမာရေးဌာန နှင့် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့်က ဆေးဖြန်းခြင်းဆောင်ရွက်ထားသည်။

ဆေးဖြန်းရာသို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ လဝကဌာနခွဲ(၆)တာချီလိတ်မှ တာဝန်ရှိသူများနှင့် တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့မှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုတို့မှ စောင့်ကြည့်ခဲ့ကြပြီး မီးသတ်တပ်ဖွဲ့ဝင်များ နှင့် ကျန်းမာရေးမှ တာဝန်ရှိသူများအပြင် မဇ္ဈိမလူမှုကူညီရေးအသင်း၊ အလင်းရောင်ပရဟိတအသင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က တံတားအလည်အထိ ဆေးဖြန်းခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ်ဘက်ရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ်များ အပါအဝင် နယ်စပ်ဂိတ်အားလုံးမှ လူအဝင်အထွက်ကို ထိုင်းဘက်က မတ်လ (၂၃)ရက်နေ့မှ စတင်၍ ပိတ်ထားသော်လည်း နေရပ်ပြန်မြန်မာလုပ်သားများ နယ်စပ်ဂိတ်သို့ ရောက်လာကြသဖြင့် နှစ်နိုင်ငံညှိနှိုင်းပြီး လက်ခံနေသော်လည်း မတ်လ (၂၆)ရက်နေ့မှစ၍ လက်ခံတော့မည် မဟုတ်သော်လည်း  မယ်ဆိုင် နှင့် တာချီလိတ်  နှစ်ဖက်တာဝန်ရှိသူများက အခြေအနေစောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ရှိ မြန်မာ - ထိုင်းနယ်စပ်ဂိတ်သို့ လူအဝင်အထွက် စတင်ပိတ်သည့် မတ်လ (၂၃)ရက်နေ့မှ မတ်လ(၂၅)ရက်နေ့အထိ (၃)ရက်သာအတွင်း  လူဦးရေစုစုပေါင်း (၁၂၀၀)ကျော်  ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~