ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္က လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆး၀ါး အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိၿပီး မသကၤာဖြယ္(၃၉)ဦးကို စစ္ေဆးေန

ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္အတြင္း နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္ေနသည့္ တပ္မေတာ္က လက္နက္ခဲယမ္းႏွင့္ မူးယစ္ေဆး၀ါး အပါအ၀င္ ဆက္စပ္ပစၥည္းမ်ားကို ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိၿပီး မသကၤာဖြယ္(၃၉)ဦးကို စစ္ေဆးေန
သြဂုတ် 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ နမ့္စန္ၿမိဳ႕နယ္အတြင္း နယ္ေျမလံုၿခံဳေရးေဆာင္ရြက္ေနသည့္ တပ္မေတာ္က လက္နက္/ခဲယမ္းမ်ား၊ မူးယစ္ေဆး၀ါးမ်ားႏွင့္ မူးယစ္ေဆး၀ါး ခ်က္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအပါအ၀င္ ေမာ္ေတာ္ယာဥ္(၅)စီးကို ၾသဂုတ္လ(၂၂)ရက္ေန႔က ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိၿပီး မူးယစ္ေဆး၀ါးခ်က္လုပ္ေရးစခန္းမ်ားမွ တိမ္းေရွာင္လာသူမ်ားအျဖစ္ သံသယရွိသည့္ (၃၉)ဦးအား စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း တပ္မေတာ္က ၾသဂုတ္လ(၂၃)ရက္ေန႔က သတင္းထုတ္ျပန္ထားရွိသည္။

နမ့္စန္ၿမိဳ႕နယ္၊ နားပြဲေက်းရြာ ႏွင့္ အေရွ႕ေတာင္ဘက္မီတာ(၁၀၀၀)၀န္းက်င္ေ၀းသည့္ ေနရာတြင္ မူးယစ္ေဆး၀ါးမ်ားထုတ္လုပ္ရာ၌ အသံုးျပဳသည့္  မိုးကာတဲ (၁၀)လံုး၊ ေရခဲေသတၱာ (၁၄)လံုး၊ စတီးေပါင္းအိုး (၁၃)လံုး၊ အိုက္စ္ထည့္သည့္ဗန္း (၇)ဗန္း၊ ဂက္စ္အိုး (၇၅၇)လံုး၊ အက္ဆစ္ပံုး (၇၀၈)လံုး၊ ႀကိတ္စက္ (၁)လံုး၊ ဆီတုိင္ကီ (၅)လံုး၊ မီးစက္ႀကီး (၁)လံုး၊ ဒီဂ်စ္တယ္ကတၱား (၃)လံုး၊ ေဆးခ်က္ေပါင္းအိုး (၁၄)လံုး၊ ေကာ္ဇလံု (၁၀၇)လံုး၊ ဟိုက္ဒ႐ိုကလိုရစ္ အက္ဆစ္မ်ားထည့္ထားသည့္ သံေပပါ (၅၈)လံုး၊ ေပပါအခြံ (၁၁၀)လံုး၊ အိုက္စ္ (၁၅၀)လီတာဆံ့ (၁)ပံုးႏွင့္ ေမာ္ေတာ္ယာဥ္ (၁)စီး တို႔အား ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၂၂)ရက္ေန႔ ညေန(၄)နာရီေက်ာ္က ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆက္လက္၍ ညေန(၅)နာရီ၀န္းက်င္တြင္ အဆိုပါေနရာႏွင့္ မီတာ(၇၀၀)၀န္းက်င္ ကြာေ၀းသည့္ ေနရာတြင္ တပ္မေတာ္က နယ္ေျမရွင္းလင္းေရး ေဆာင္ရြက္စဥ္  ဘိန္းျဖဴမႈန္႔/ခဲ ( ၄ ဒသမ ၅ )ကီလုိဂရမ္၊ WY စိတ္ၾကြ႐ူးသြပ္ေဆးျပားအမႈန္႔ (၁၈ ဒသမ ၁၄ )ကီလိုဂရမ္၊ WY စာတမ္းပါ စိတ္ၾကြ႐ူးသြပ္ေဆးျပား (၈၁,၀၀၀) ျပား၊ ဘိန္းမဲအရည္ (၂၀)ဂါလန္၊ ဂက္စ္အိုး (၂)လံုး၊ ေဆးျပား႐ိုက္စက္ (၂)လံုး၊ ေဆးေမႊစက္ (၂)လံုး၊ အက္ဆစ္အရည္ထည့္ထားသည့္ ေပပါ (၃)လံုး၊ ေဆးခ်က္ကန္ (၆)ကန္၊ မုိးကာတဲ (၅)လံုး၊ အရက္ျပန္ (၁၀)လီတာ၊ အနံ႔ေဆးဗူး(အႀကီး/အေသး)(၁၈)ဗူး၊ ေဆးဗူးမ်ိဳးစံု (၅၉)ဗူးႏွင့္ CCL တံဆိပ္ပါ အျဖဴေရာင္အတံုး (၂၀)တံုးတုိ႔အား  ထပ္မံ၍ ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ၾသဂုတ္လ(၂၃)ရက္ေန႔ နံနက္(၁၁)နာရီ ၀န္းက်င္က တပ္မေတာ္မွ ဆက္လက္၍ ေနာင္ပိန္းေက်းရြာတ၀ိုက္ နယ္ေျမရွင္းလင္းရွာေဖြခဲ့ရာ ၁၁ နာရီခန္႕တြင္ ေက်းရြာ၏ အေရွ႕ဘက္မီတာ  ၁၅၀၀ အကြာ၌ သြပ္မိုးတဲ (၅) လုံး၊ WY စိတ္ၾကြ ေဆးျပားမ်ားထည္႔ထားသည့္ ဆာလာအိတ္ (၂၇)အိတ္ (ေဆးျပား အေရအတြက္စိစစ္ဆဲ)၊ မူးယစ္ ေဆး၀ါးရိုက္စက္ (၄)လံုး၊ ေဆးစပ္စတီးဗန္း (၁၀)ဗန္း၊ ဂက္စ္အိုး (၆၀၀)လံုး၊ ပြိဳင့္ ၂၂ ေသနတ္  (၁)လက္၊ ၎က်ည္အိမ္ (၁)ခု၊ ႀကိဳးဆြဲလက္ပစ္ဗံုး (၄၆)လံုး၊ ၇ ဒသမ ၆၂ က်ည္ (၃၆၀ )ေတာင့္၊ ေမာ္ေတာ္ယာဥ္ (၄)စီးႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ထပ္မံေတြ႕ရွိသိမ္းဆည္းရမိခဲ့သည္။

မူးယစ္ေဆး၀ါးမ်ားထုတ္လုပ္သည့္ စခန္းမ်ားမွ တိမ္းေရွာင္လာသူမ်ားဟု သံသယရွိသည့္ ပန္ေကတုေက်းရြာအနီးမွ  (၁၇)ဦး၊ ၀မ္ဖြန္း ေက်းရြာအနီးမွ (၇)ဦးႏွင့္ မက္လန္း ေက်းရြာအနီးမွ (၁၅)ဦး၊ တို႔ကိုလည္း စစ္ေဆးေတြ႔ရွိရသည့္အတြက္ ၎တို႔အား ဆက္လက္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ေနလ်က္ရွိေၾကာင္း သိရသည္။

ပိုင္ရွင္မဲ့အျဖစ္ သိမ္းဆည္းရမိသည့္ အဆိုပါပစၥည္းမ်ားအား  ျမန္မာႏိုင္ငံမူးယစ္ေဆး၀ါးတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႔ထံသို႔ စနစ္လႊဲေျပာင္းအပ္ႏွံရန္ ေဆာင္ရြက္ေနေၾကာင္းႏွင့္ တပ္မေတာ္က ၂၀၁၉ခုႏွစ္ ဇန္န၀ါရီလ(၁)ရက္ေန႔မွ ၾသဂုတ္လ(၁၅)ရက္ေန႔အထိ ဘိန္းျဖဴ ( ၁၇၁ ဒသမ ၇၅၈ )ကီလို၊ ဘိန္းဘိမ္း ( ၂၃၉ ဒသမ ၆၄၁၆ )ကီလို၊ ဘိန္းမဲ ( ၆၀ ဒသမ ၇၅၅ ) ကီလုိ၊ စိတ္ၾကြ႐ူးသြပ္ေဆးျပား ( ၄၄,၂၉၅,၈၈၈ ) ျပား၊ အိုက္စ္ ( ၅၀၆၉ ဒသမ ၉၁၂ )ကီလို၊ အျခားဆက္စပ္ပစၥည္း ( ၁၀၈၄၈ ဒသမ ၁၃) ကီလုိတို႔ကို သိမ္းဆည္းရမိခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားရွိသည္။

Tachileik News Agency
ဓါတ္ပံု - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်က လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအပါအဝင် မော်တော်ယာဉ်(၅)စီးကို သြဂုတ်လ(၂၂)ရက်နေ့က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိပြီး မူးယစ်ဆေးဝါးချက်လုပ်ရေးစခန်းများမှ တိမ်းရှောင်လာသူများအဖြစ် သံသယရှိသည့် (၃၉)ဦးအား စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း တပ်မတော်က သြဂုတ်လ(၂၃)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။

နမ့်စန်မြို့နယ်၊ နားပွဲကျေးရွာ နှင့် အရှေ့တောင်ဘက်မီတာ(၁၀၀၀)ဝန်းကျငေ်ဝးသည့် နေရာတွင် မူးယစ်ဆေးဝါးများထုတ်လုပ်ရာ၌ အသုံးပြုသည့် မိုးကာတဲ (၁၀)လုံး၊ ရေခဲသေတ္တာ (၁၄)လုံး၊ စတီးပေါင်းအိုး (၁၃)လုံး၊ အိုက်စ်ထည့်သည့်ဗန်း (၇)ဗန်း၊ ဂက်စ်အိုး (၇၅၇)လုံး၊ အက်ဆစ်ပုံး (၇၀၈)လုံး၊ ကြိတ်စက် (၁)လုံး၊ ဆီတိုင်ကီ (၅)လုံး၊ မီးစက်ကြီး (၁)လုံး၊ ဒီဂျစ်တယ်ကတ္တား (၃)လုံး၊ ဆေးချက်ပေါင်းအိုး (၁၄)လုံး၊ ကော်ဇလုံ (၁၀၇)လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များထည့်ထားသည့် သံပေပါ (၅၈)လုံး၊ ပေပါအခွံ (၁၁၀)လုံး၊ အိုက်စ် (၁၅၀)လီတာဆံ့ (၁)ပုံးနှင့် မော်တော်ယာဉ် (၁)စီး တို့အား ၂၀၁၉ခုနှစ် သြဂုတ်လ(၂၂)ရက်နေ့ ညနေ(၄)နာရီကျော်က ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ညနေ(၅)နာရီဝန်းကျင်တွင် အဆိုပါနေရာနှင့် မီတာ(၇၀၀)ဝန်းကျင် ကွောဝးသည့် နေရာတွင် တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဘိန်းဖြူမှုန့်/ခဲ ( ၄ ဒသမ ၅ )ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် (၁၈ ဒသမ ၁၄ )ကီလိုဂရမ်၊ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၈၁,ဝဝဝ) ပြား၊ ဘိန်းမဲအရည် (၂၀)ဂါလန်၊ ဂက်စ်အိုး (၂)လုံး၊ ဆေးပြားရိုက်စက် (၂)လုံး၊ ဆေးမွှေစက် (၂)လုံး၊ အက်ဆစ်အရည်ထည့်ထားသည့် ပေပါ (၃)လုံး၊ ဆေးချက်ကန် (၆)ကန်၊ မိုးကာတဲ (၅)လုံး၊ အရက်ပြန် (၁၀)လီတာ၊ အနံ့ဆေးဗူး(အကြီး/အသေး)(၁၈)ဗူး၊ ဆေးဗူးမျိုးစုံ (၅၉)ဗူးနှင့် CCL တံဆိပ်ပါ အဖြူရောင်အတုံး (၂၀)တုံးတို့အား ထပ်မံ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိကြောင်း သိရသည်။

သြဂုတ်လ(၂၃)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်က တပ်မတော်မှ ဆက်လက်၍ နောင်ပိန်းကျေးရွာတဝိုက် နယ်မြေရှင်းလင်းရှာဖွေခဲ့ရာ ၁၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀၀ အကွာ၌ သွပ်မိုးတဲ (၅) လုံး၊ WY စိတ်ကြွ ဆေးပြားများထည့်ထားသည့် ဆာလာအိတ် (၂၇)အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ် ဆေးဝါးရိုက်စက် (၄)လုံး၊ ဆေးစပ်စတီးဗန်း (၁၀)ဗန်း၊ ဂက်စ်အိုး (၆၀၀)လုံး၊ ပွိုင့် ၂၂ သေနတ် (၁)လက်၊၎င်းကျည်အိမ် (၁)ခု၊ ကြိုးဆွဲလက်ပစ်ဗုံး (၄၆)လုံး၊ ၇ ဒသမ ၆၂ ကျည် (၃၆၀ )တောင့်၊ မော်တော်ယာဉ် (၄)စီးနှင့် ဆက်စပ်ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများထုတ်လုပ်သည့် စခန်းများမှ တိမ်းရှောင်လာသူများဟု သံသယရှိသည့် ပန်ကေတုကျေးရွာအနီးမှ (၁၇)ဦး၊ ဝမ်ဖွန်း ကျေးရွာအနီးမှ (၇)ဦးနှင့် မက်လန်း ကျေးရွာအနီးမှ (၁၅)ဦး၊ တို့ကိုလည်း စစ်ဆေးတွေ့ရှိရသည့်အတွက်၎င်းတို့အား ဆက်လက်၍ စစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိသည့် အဆိုပါပစ္စည်းများအား မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံသို့ စနစ်လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်နေကြောင်းနှင့် တပ်မတော်က ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ သြဂုတ်လ(၁၅)ရက်နေ့အထိ ဘိန်းဖြူ ( ၁၇၁ ဒသမ ၇၅၈ )ကီလို၊ ဘိန်းဘိမ်း ( ၂၃၉ ဒသမ ၆၄၁၆ )ကီလို၊ ဘိန်းမဲ ( ၆၀ ဒသမ ၇၅၅ ) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ( ၄၄,၂၉၅,၈၈၈ ) ပြား၊ အိုက်စ် ( ၅၀၆၉ ဒသမ ၉၁၂ )ကီလို၊ အခြားဆက်စပ်ပစ္စည်း ( ၁၀၈၄၈ ဒသမ ၁၃) ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားရှိသည်။

Tachileik News Agency
ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net