Covid-19 ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်(၅၆၆)ဘီလီယံ နှင့် အမေရိကန်ဒေါ်လာ (၁၆၉)သန်းကျော် သုံးစွဲထားသလို ထပ်မံ သုံးစွဲရန်အတွက် ဘဏ္ဍာငွေများ ပြင်ဆင်ထားဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော

Covid-19 ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်(၅၆၆)ဘီလီယံ နှင့် အမေရိကန်ဒေါ်လာ (၁၆၉)သန်းကျော် သုံးစွဲထားသလို ထပ်မံ သုံးစွဲရန်အတွက် ဘဏ္ဍာငွေများ ပြင်ဆင်ထားဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော
စက်တင်ဘာ 8, 2021 | Covid-19

နိုင်ငံ့အာဏာအား စစ်တပ်မှ သိမ်းလိုက်ပြီးနောက်   Covid-19 ကာကွယ်ဆေးနှင့်ဆက်စပ်ပစ္စည်းများအပါအဝင် ဆေးရုံဆေးခန်းများ နှင့် လူမှုရေးအဖွဲ့အစည်းများအတွက် အမေရိကန် ဒေါ်လာ (၁၆၉)သန်းကျော် နှင့် ကျပ် (၅၆၆)ဘီလီယုံကျော် သုံးစွဲထားပြီး ထပ်မံထုတ်ယူသုံးစွဲရန်အတွက်ပါ ဘဏ္ဍာငွေများ အဆင်သင့်ပြင်ဆင်ထားသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

Covid-19 ကာကွယ်ရေးလုပ်ငန်းနှင့် ပတ်သက်ပြီး နှောင့်နှေးမှုမရှိရန်  Covid-19 ကာကွယ်ဆေးနှင့်အခြားဆေးပစ္စည်းများ အတွက် အမေရိကန်ဒေါ်လာ (၁၆၉)သန်းသုံးစွဲထားသလို၊ ဆေးရုံ၊ ဆေးခန်းပြုပြင်ခြင်း၊ ကိုဗစ်စင်တာများနှင့် လူမှုရေးအဖွဲ့အစည်းများအတွက် ငွေကျပ် (၅၆၆)ဘီလီယံကိုလည်း သုံးစွဲခဲ့သည့်အပြင် အထွေထွေကိစ္စများအတွက်ပါ အမေရိကန်ဒေါ်လာ (၅)သိန်း သုံးစွဲထားသည့်အပြင် Covid-19 ကာကွယ်ရေးအတွက် သုံးစွဲရန် ဘဏ္ဍာငွေများကိုလည်း အဆင်သင့် ပြင်ဆင်ထားသည့်အတွက် တာဝန်ရှိသူများအနေဖြင့် အကျိုးရှိရှိ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်းအာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေးတွင် Covid-19 နှင့် ပတ်သက်ပြီး နိဂုံးချုပ်ပြောကြားသည်ဟု စက်တင်ဘာလ(၇)ရက်နေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

အစည်းအဝေးအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်ခြင်း ဖြစ်သည်။

Covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ ငွေကြေးအမြောက်အများကို ထုတ်ယူသုံးစွဲထားသည်ဟု ဆိုသော်လည်း မြို့အသီးသီးရှိ Covid-19 သီးသန့်စောင့်ကြည့်စင်တာများတွင် ဒေသခံများ၊ လုပ်ငန်းရှင်များ၏ လှူဒါန်းမှုများဖြင့်သာ လုပ်ဆောင်နေရပြီး အချို့မြို့များတွင် Covid-18 ကူးစက်ခံရသူများကို ကောင်းမွန်စွာ မစောင့်ရှောက်နိုင်တော့၍ နေအိမ်ပြန်လွတ်ရသည့် ဖြစ်စဉ်များ မကွေးတိုင်းဒေသကြီးအတွင်း၌လည်း ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း စကား ငှားသုံးပြီး  အောင်မြင်မှုနှင့်လွဲချော်မှု မရှိရန် သူ့လူများကို ဆုံးမ သတိပေး