အာဏာသိမ်းစစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း စကား ငှားသုံးပြီး  အောင်မြင်မှုနှင့်လွဲချော်မှု မရှိရန် သူ့လူများကို ဆုံးမ သတိပေး

အာဏာသိမ်းစစ်ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း စကား ငှားသုံးပြီး  အောင်မြင်မှုနှင့်လွဲချော်မှု မရှိရန် သူ့လူများကို ဆုံးမ သတိပေး
စက်တင်ဘာ 8, 2021

 အာဏာသိမ်းစစ်ခေါင်းဆောင်က ၎င်းခန့်အပ်ထားသည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား အောင်မြင်မှုနှင့်လွဲချော်မှု မရှိစေရေး  အလေးထားဆောင်ရွက်ကြဖို့ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းပါ စကားများဖြင့် ပြောဆိုသတိပေးထားရကြောင်း သိရသည်။

"ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် လှေပြိုင်ပွဲ ဥပမာအတိုင်း ပန်းတိုင်မရောက်ခင် တက်ထောင်သဖြင့် နောက်လှေမှ ကျော်တက်သွား၍ အောင်မြင်မှုနှင့် လွဲချော်နိုင်သည်ကို သင်ခန်းစာယူပြီး မဖြစ်သင့် မဖြစ်ထိုက်သည်များ မဖြစ်အောင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အထူးအလေးထား ဆောင်ရွက်ကြ ရန်လိုကြောင်း" အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစည်းအဝေး၏ အဖွင့်အမှာစကားတွင် ၎င်း၏ ဝန်ကြီးများကို သတိပေး ပြောကြားလိုက်ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ Website တွင် ဖော်ပြထားသည်။ 

အစည်းအဝေးအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၇)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်ရာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ၎င်း၏  ဝန်ကြီးများဖြစ်သည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးချစ်နိုင်၊ ဒုတိယဗိုလ်ချုပ် ကြီးထွန်းထွန်းနောင်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဒေါက်တာ ဒေါ်သီတာဦး၊ ဦးမောင်မောင်အုန်း၊ ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်ရီ၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဦးရွှေလေး၊ ဒေါက်တာ သက်သက်ခိုင်၊ ဒေါက်တာဌေးအောင်နှင့် ဦးစောထွန်းအောင်မြင့်တို့ တက်ရောက်သလို နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing စနစ်ဖြင့်  တက်ရောက်ကြချိန်တွင် ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

 Covid-19 ကာကွယ်ရေးလုပ်ငန်းများအတွက် ကျပ်(၅၆၆)ဘီလီယံ နှင့် အမေရိကန်ဒေါ်လာ (၁၆၉)သန်းကျော် သုံးစွဲထားသလို ထပ်မံ သုံးစွဲရန်အတွက် ဘဏ္ဍာငွေများ ပြင်ဆင်ထားဟု အာဏာသိမ်းစစ်ခေါင်းဆောင် ပြော