တာချီလိတ်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲနမူနာ စတင်စစ်ဆေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထား

တာချီလိတ်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲနမူနာ စတင်စစ်ဆေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထား
စက်တင်ဘာ 8, 2020
By Tachileik News Agency
တာချီလိတ်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲနမူနာ စတင်စစ်ဆေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနသို့ တင်ပြထား
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလဆန်းမှစ၍ COVID 19 ဓာတ်ခွဲစစ်ဆေးမှု စတင်နိုင်ပြီဖြစ်၍ ပြည်တွင်းခရီးမှ Quarantine ဝင်နေသူများအား စစ်ဆေးနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးထံ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ အခု (၁၀)ခု စမ်းသပ်စစ်ဆေးတာမှာ ဓာတ်ခွဲခန်းအဖြေနဲ့ ကိုက်ညီတယ်။ စစ်မယ်ဆိုရင် စစ်လို့ရပြီ။ ဒါပေမဲ့ ဒီစက်တွေကို ပေးတုန်းက ဝန်ကြီးဌာနက သတ်မှတ်လိုက်တာတော့ PUI တွေကို အဓိကစမ်းသပ်ဖို့ပေါ့။ Quarantine တွေဆို လူဦးရေများတော့ ဒီမှာမစမ်းသပ်ပဲ ရန်ကုန်ကိုပို့ရမယ်။ တာချီလိတ်မှာ Quarantine က ဟိုဘက်ကလူတွေကို အစုလိုက်အပြုံလိုက် လက်ခံတယ်။ အရေအတွက် ရာဂဏန်းလောက်ထိ ရှိတာပေါ့။ အခု quarantine က (၂) မျိုးဖြစ်သွားတယ်။ ဟိုဘက်က လူတွေက quarantine ကတစ်မျိုး၊ အခုဖြစ်နေတဲ့ ရန်ကုန်၊ ရခိုင် အစရှိသည်ဖြင့် ပြန်လာတဲ့သူတွေက quarantine က တစ်မျိုး၊ အဲဒီနှစ်မျိုးမှာ ဖြစ်နိုင်ပုံချင်းက မတူနိုင်ဘူး။ အဲဒီတော့ ရခိုင်နဲ့ ရန်ကုန်ကဝင်လာတဲ့သူတွေကို စစ်လို့ရနိုင်မလားလို့ ဝန်ကြီးဌာနကို မေးမြန်းထားပါတယ်"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၇)ရက်နေ့က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါပိုးစစ်ဆေးနိုင်ရန်အတွက် စက်ပစ္စည်းများကို ၂၀၂၀ ခုနှစ် သြဂုတ်လအတွင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပေးပို့ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများကို  သင်တန်းများပို့ချခဲ့ခြင်းဖြစ်သည်။
အဆိုပါစက်ဖြင့် ဓာတ်ခွဲနမူနာ (၁၀) ခုကို စက်တင်ဘာ (၅) ရက်နေ့တွင် စတင်စမ်းသပ်စစ်ဆေးသည့် ဓာတ်ခွဲအဖြေနှင့် ရန်ကုန်သို့ ပို့စစ်ထားသည့် ဓာတ်ခွဲအဖြေတူညီသဖြင့် စစ်ဆေးမှုများစတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။
ခရိုင်ပြည်သူ့ဆေးရုံတွင် COVID 19 ဓာတ်ခွဲစစ်ဆေးမှုများနှင့်ပတ်သက်၍ လမ်းညွှန်ချက်များရသည်နှင့် စတင်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~