ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က ပြန်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ Covid-19 ပိုးတွေ့

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က ပြန်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ Covid-19 ပိုးတွေ့
ဒီဇင်ဘာ 9, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ရန်ကုန်က ပြန်လာသည့် ယာဉ်နောက်လိုက် တစ်ဦးထံမှ Covid-19 ပိုးတွေ့ 

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ရှိ ယာယီကုန်တင်ယာဥ် ရပ်နားစခန်းရှိ(သစ်ဆိပ်)တွင် ရန်ကုန်မှ ကုန်ပစ္စည်းများတင်၍ ပြန်ရောက်လာသည့် ကုန်တင်ယာဥ်၏ ယာဉ်နောက်လိုက် (၁)ဦးတွင် ဒီဇင်ဘာလ (၉)ရက်နေ့၏ စစ်ဆေးချက်အရ Covid-19 ပိုးစစ်ဆေးတွေ့ ရှိကြောင်း သိရသည်။
အသစ်ပြောင်းလဲ ဖွင့်လှစ်ထားသည့် လွိုင်ကော်မြို့အထွက် သစ်ဆိပ်ရှိ  ယာယီကုန်တင်ယာဉ် ရပ်နားစခန်းတွင် ဒီဇင်ဘာလ (၉)ရက်နေ့၌ ယာဥ်မောင်းနှင့် ယာဥ်နောက် လိုက်(၉၉)ဦးအား RDT Test ဖြင့် စစ်ဆေးရာ အသက် (၂၇)နှစ်အရွယ် ယာဥ်နောက်လိုက် (၁)ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ 
ရောဂါပိုးတွေ့ရှိသူ အသက်(၂၇)နှစ်အရွယ် အမျိုးသား ယာဉ်နောက်လိုက်မှာ ရန်ကုန်မှ ကုန်ပစ္စည်းများတင်ဆောင်၍ လွိုင်ကော်မြို့ ယာယီကုန်တင်ယာဥ် ရပ်နားစခန်းသို့ ဒီဇင်ဘာလ (၈)ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 
အဆိုပါ ပိုးတွေ့ယာဥ်နောက်လိုက် နှင့် ထိတွေ့ခဲ့​သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၃)ဦးတို့၏ RDT Test စစ်ဆေးချက်များမှာ ပိုးမတွေ့ရှိသော်လည်း ၎င်းတို့အား လွိုင်ကော်မြို့ န.တ.လ သင်တန်းကျောင်း တွင် Quarantine ထားရှိကာ ဓာတ်ခွဲနမူနာ များအားထပ်မံစစ်ဆေးသွားမည်ဟုသိရသည်။ 
Covid-19  ပိုးတွေ့ရှိသူ ယာဥ်နောက်လိုက်အား လွိုင်ကော် ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိကာ စောင့်ကြပ် ကြည့်ရှု ကုသပေးလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းသိရသည်။ 
ကယားပြည်နယ်တွင် ဒီဇင်ဘာလ (၉)ရက်နေ့ထိ Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၄၇)ဦးရှိပြီဖြစ်ပြီး ပိုးကင်းစင်၍  ဆေးရုံဆင်းသူ (၂၁)ဦး နှင့် ဆေးကုသမှု ခံယူနေသူ (၂၆)ဦး ဖြစ်ကြောင်းသိရသည်။ 
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ -   ရွှေလွိုင်ကော် 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~