ကျိုင်းတုံမြို့တွင် အချုပ်သား(၂)ဦး အပါအဝင် Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး ထပ်တိုး

ကျိုင်းတုံမြို့တွင် အချုပ်သား(၂)ဦး အပါအဝင် Covid-19 ကူးစက်ခံထားရသူ (၂၉)ဦး ထပ်တိုး
သြဂုတ် 3, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၃)ရက်နေ့၏ တစ်နေ့တာအတွင်း စစ်ဆေးချက်အရ ကျိုင်းတုံ အချုပ်ခန်းမှ အချုပ်သား(၂)ဦး အပါအဝင် Covid-19 ပိုးကူးစက်ခံထားရသူ (၂၉)ဦး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။

ယနေ့ ဩဂုတ်လ (၃)ရက်‌နေ့တွင် ကျိုင်းတုံမြို့မရဲစခန်းမှ အချုပ်သား(၂)ဦး အပါအဝင်၊ ခရိုင်ရဲရုံးမှ တပ်ဖွဲ့ဝင်တစ်ဦးအပြင် ကျန်းမာရေးဌာန နှင့် စစ်ဆေးရုံ အပါ်အဝင် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ စုစုပေါင်း (၂၉)ဦး တွေ့ရှိရာ  ပိုးရှိသူနှင့် ထိတွေ့မှုရှိသူ (၇)ဦး ရှိပြီး ခရီးသွားရာဇဝင်မရှိသူ (၂၂)ဦး ပါဝင်ကြောင်း သိရသည်။



ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်းအတွင်း ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၃)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၂၅၂)ဦးအထိရှိနေရာတွင် သေဆုံးသူ (၂)ဦးရှိပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသွားသူမှာ (၁၀၆)ဦးရှိသည့်အတွက် လက်ရှိတွင် (၁၄၄)ဦး ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း သိရသည်။