လာအိုနိုင်ငံအတွင်း မတ်လ(၂၆)ရက်နေ့တွင် COVID-19 အတည်ပြုလူနာ အသစ်(၃)ဦး ထပ်မံတွေ့၍ အတည်ပြုလူနာ (၆)ဦးရှိလာ

လာအိုနိုင်ငံအတွင်း မတ်လ(၂၆)ရက်နေ့တွင် COVID-19 အတည်ပြုလူနာ အသစ်(၃)ဦး ထပ်မံတွေ့၍ အတည်ပြုလူနာ (၆)ဦးရှိလာ
မတ် 26, 2020
By Tachileik News Agency
လာအိုနိုင်ငံအတွင်း မတ်လ(၂၆)ရက်နေ့တွင် COVID-19 အတည်ပြုလူနာ အသစ်(၃)ဦး ထပ်မံတွေ့၍ အတည်ပြုလူနာ (၆)ဦးရှိလာ

မြန်မာနိုင်ငံနှင့် မဲခေါင်မြစ်သာခြားထားသည့် လာအိုနိုင်ငံတွင် မတ်လ(၂၆)ရက်နေ့၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ နောက်ထပ် (၃)ဦးတိုးလာ၍ လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၆)ဦးရှိလာပြီ ဖြစ်သည်။

လာအိုနိုင်ငံ(မြောက်ပိုင်း) လွမ်ပရာဘွမ်ပြည်နယ်တွင် အသစ်ထပ်မံတွေ့ရသည့်  COVID-19 အတည်ပြုလူနာ(၃)ဉီးတွင် တစ်ဦးမှာ တတိယမြောက် အတည်ပြုလူနာနှင့် အနီးကပ်ရှိခဲ့သည့် အမျိုးသား (၁)ဦးဖြစ်ပြီး ကျန် (၂)ဦးမှာ ကားမောင်းနှင်သူများဖြစ်ကြသည့် အသက် (၄၂)နှစ်အရွယ်နှင့် (၅၂)နှစ်အရွယ် အမျိုးသားများဖြစ်ကြောင်း သိရသည်။

မတ်လ(၂၃)ရက် နှင့် မတ်လ(၂၄)ရက်နေ့အထိ တွေ့ရှိထားသည့် အတည်ပြု လူနာ(၃)ဦးသည် ဟိုတယ်ဝန်ထမ်းနှင့် ဧည့်လမ်းညွှန်များဖြစ်ကြပြီး အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၁)ဦးဖြစ်ကြောင်း သိရသည်။

ကမ္ဘာအနှံ့အထိ ကူးစက်ပြန့်နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)သည် ၂၀၂၀ခုနှစ် မတ်လ(၂၆)ရက်နေ့ ညနေ(၅)နာရီခွဲဝန်းကျင်အထိ (၄၈၀,၄၄၆)ဦးရှိနေပြီး (၂၁,၅၇၁)ဦးမှာ သေဆုံးသူများ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Source: Laotiantimes

ဆက်စပ်သတင်း
မြန်မာနိုင်ငံအတွင်း COVID-19 အတည်ပြုလူနာ တွေ့ရှိပြီးနောက် လာအိုနိုင်ငံတွင်လည်း အတည်ပြုလူနာတွေ့ရှိကြောင်း သတင်းထုတ်ပြန်

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် တတိယမြောက် COVID-19 အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိ

လာအိုနိုင်ငံအတွင်း မတ်လ(၂၆)ရက်နေ့တွင် COVID-19 အတည်ပြုလူနာ အသစ်(၃)ဦး ထပ်မံတွေ့၍ အတည်ပြုလူနာ (၆)ဦးရှိလာ

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~