မြန်မာတစ်နိုင်ငံလုံးကို စက်တင်ဘာ (၇) ရက်နေ့မှစ၍ အရေးပေါ်အခြေအနေကြေညာပြီး အရပ်ဘက်ရုံးဌာနအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ရက်သတ်မှတ်

မြန်မာတစ်နိုင်ငံလုံးကို စက်တင်ဘာ (၇) ရက်နေ့မှစ၍ အရေးပေါ်အခြေအနေကြေညာပြီး အရပ်ဘက်ရုံးဌာနအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ရက်သတ်မှတ်
စက်တင်ဘာ 7, 2021 | နိုင်ငံရေး

 

စစ်အာဏာရှင်များအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်တော်လှန်တိုက်ခိုက်ကြမည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရေးပေါ်အခြေအနေ ကြေညာထားပြီး အရပ်ဘက်ရုံးဌာနအားလုံးကို ရက်အကန့်အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာလိုက်သည်။



နိုင်ငံတစ်ဝန်းလုံး ပြည်သူ့အုပ်ချုပ်ရေးအာဏာ ပြန်လည်ထူထောင်နိုင်သည့် အချိန်အထိ အရေးပေါ်အခြေအနေကို သတ်မှတ်ထားခြင်းဖြစ်သည်။