အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားနာမှုဆိုင်ရာအတွေ့အကြုံများကို နိုင်ငံတော်၏ အတိုင်ပင်ခံက ပြည်သူထံ အစီရင်ခံတင်ပြ

အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားနာမှုဆိုင်ရာအတွေ့အကြုံများကို နိုင်ငံတော်၏ အတိုင်ပင်ခံက ပြည်သူထံ အစီရင်ခံတင်ပြ
ဒီဇင်ဘာ 18, 2019
By Tachileik News Agency
အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကြားနာမှုဆိုင်ရာအတွေ့အကြုံများကို နိုင်ငံတော်၏ အတိုင်ပင်ခံက 
ပြည်သူထံ အစီရင်ခံတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာနိုင်ငံအတွက် အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားရင်ဆိုင်ခဲ့သည့် ကြားနာမှုဆိုင်ရာအတွေ့အကြုံများအား မြန်မာအဖွဲ့ကိုဦးဆောင်ခဲ့သည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့၌ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံနှင့် တရားစွဲဆိုခံထားရသည့် မြန်မာနိုင်ငံတို့၏ ပထမဆုံးအကြိမ် ကြားနာခြင်းကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~