စစ်တပ်က လူထုဆန္ဒကိုလက်မခံဘဲ အာဏာသိမ်းကတည်းက NCA စာချုပ်ပျက်ပြယ်ပြီဖြစ်၍ နွေဦးတော်လှန်ရေးတွင် တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်ကြရန် KNU နှိုးဆော်

စစ်တပ်က လူထုဆန္ဒကိုလက်မခံဘဲ အာဏာသိမ်းကတည်းက NCA စာချုပ်ပျက်ပြယ်ပြီဖြစ်၍ နွေဦးတော်လှန်ရေးတွင် တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်ကြရန် KNU နှိုးဆော်
စက်တင်ဘာ 2, 2021 | နိုင်ငံရေး

စစ်တပ်က လူထုဆန္ဒကိုဆန့်ကျင်၍ အဓမ္မအာဏာသိမ်းကတည်းက NCA ပျက်ပြယ်ပြီဖြစ်၍ စစ်အာဏာရှင်စနစ်အပြီးသတ်ချုပ်ငြိမ်းစေရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် နွေဦးတော်လှန်ရေးနှင့်အတူ တစ်ညီတစ်ညွတ်တည်း တိုက်ပွဲဝင်သွားကြရန် KNU Concerned Group က ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့တွင် တိုက်တွန်းနှိုးဆော်လိုက်သည်။



တိုင်းရင်းသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ပြည်နယ်ပေါင်းစုပြည်ထောင်စု တည်ဆောက်ရေးအတွက်  CRPH/NUG အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံရေးရပ်တည်ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌များ၏  တော်လှန်ရေးရည်မှန်းချက်နှင့် ပန်းတိုင်ချင်းထပ်တူဖြစ်သဖြင့် KNU Concerned Group က CRPH/NUG ကို ကြိုဆိုထောက်ခံပြီး စွမ်းစွမ်းတမံပံ့ပိုးဆောင်ရွက်သွားမည်ဟု ကြေညာလိုက်သည်။

#TachileikNewsAgency