အာဏာသိမ်းစစ်တပ်က တာဝေးပစ်လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၍ ပြည်သူ့ကာကွယ်ရေးတပ်များ ဒီးမော့ဆိုမြို့နယ်အတွင်း နေရာအချို့မှ ခေတ္တဆုတ်ခွာရ

အာဏာသိမ်းစစ်တပ်က တာဝေးပစ်လက်နက်ကြီးများဖြင့်ပါ တိုက်ခိုက်နေ၍ ပြည်သူ့ကာကွယ်ရေးတပ်များ ဒီးမော့ဆိုမြို့နယ်အတွင်း နေရာအချို့မှ ခေတ္တဆုတ်ခွာရ
By Tachileik News Agency

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများပါ အသုံးပြု၍ သာလွန်လက်နက်ဖြင့် တိုက်ခိုက်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်များ ခေတ္တဆုတ်ခွာခဲ့ရသည်ဟု ယနေ့ ၂၀၂၂ ခုနှစ် မတ်လ (၁၅)ရက်နေ့တွင် ဒီးမော့ဆို PDF က သတင်းထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို (DMO Local PDF) တပ်ရင်း -A နှင့် အခြားပူးပေါင်းတပ်များ စစ်ကောင်စီနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတို့မှ တာဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် လက်နက်အင်အားများစွာ လိုအပ်ချက်ကြောင့် နယ်မြေမှ ဆုတ်ခွာကြရသည်ဟု သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်နီ(ကယား)ပြည်နယ်တွင်းကို အင်အားအလုံးအရင်းဖြင့် တောက်လျှောက် ထိုးစစ်ဆင် တိုက်ခိုက်မှုအတွင်း လေကြောင်းမှ တိုက်ခိုက်မှအပြင် တာဝေးပစ်လက်နက်ကြီးများကိုပါ အသုံးပြုလာကာ ပိုမိုပြင်းထန်စွာ တိုက်ခိုက်နေမှုကို ပြည်သူ့အကူအညီဖြင့် လက်နက်တပ်ဆင်ရင်းတော်လှန်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်နေကြခြင်းဖြစ်သည်။