NLD နှင့် စစ်တပ်၏ တိုက်ပွဲမဟုတ်ဘဲ ပြည်သူများ၏ လက်နက်မဲ့တိုက်ပွဲဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလညီလာခံတွင် တင်ပြ

NLD နှင့် စစ်တပ်၏ တိုက်ပွဲမဟုတ်ဘဲ ပြည်သူများ၏ လက်နက်မဲ့တိုက်ပွဲဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလညီလာခံတွင် တင်ပြ

NLD နှင့် စစ်တပ်၏ တိုက်ပွဲမဟုတ်ဘဲ ပြည်သူများ၏ လက်နက်မဲ့တိုက်ပွဲဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ကုလညီလာခံတွင် တင်ပြ

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်ကြားမှ တိုက်ပွဲမဟုတ်ဘဲ ပြည်သူလူထု၏လက်နက်မဲ့ တိုက်ရသည့် တိုက်ပွဲတစ်ခု ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာက ၂၀၂၁ ခုနှစ် ဖေဖေါ်၀◌ါရီလ (၂၆) ရက်နေ့က ကုလသမဂ္ဂအထွေထွေညီလာခံတွင် မြန်မာ့အရေးဆွေးနွေးရာ၌ တင်ပြသွားသည်။



 “နိုင်ငံအတွင်းကြီးမားကျယ်ပြန့်သော ဆန္ဒပြမှုများကို လေ့လာကြည့်ပါက၊ ပြည်သူတွေ၏ အသံကို နားထောင်ကြည့်ပါက ယခုတိုက်ပွဲသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်ကြားမှ တိုက်ပွဲမဟုတ်ပါ။ ဒါဟာ ပြည်သူလူထု၏လက်နက်မဲ့ တိုက်ရသည့် တိုက်ပွဲတစ်ခု ဖြစ်ပါသည်။ အကယ်၍ စစ်တပ်အနေဖြင့် ပြည်သူများ၏ အခြေခံလူ့အခွင့်အရေးများ အသုံးချသည့်အပေါ်တွင် အကြမ်းဖက်မှုများ မြင့်တက်လာပါက  (ဒါကိုလည်း မြန်မာနိုင်ငံတွင် ယခင်ကပင် ဝမ်းနည်းစွာဖြင့် မြင်တွေ့ခဲ့ရပြီးဖြစ်သည်) ကျွန်ုပ်တို့ အနေဖြင့် လျင်မြန်စွာ စုပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်လိုက်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ကြီးမားသော ကွဲပြားခြားနားမှုများကို မည်ကဲ့သို့မှ လက်ခံနိုင်ခြင်းမရှိတော့ပါ။ ကျွန်မမှ နိုင်ငံအားလုံးအား မြန်မာနိုင်ငံ၏ ပြည်သူများဘက်မှ ရပ်တည်ပေးရန်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ဘက်မှ ရပ်တည်ပေးရန် ဖိတ်ခေါ်လိုက်ပါသည်။” ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာက ပြောကြားသွားသည်။

စစ်တပ်က ဖေဖေါ်၀◌ါရီလ (၁) ရက်နေ့တွင် ပြည်သူရွေးကောက်ထားသည့် အစိုးရကို ဖမ်းဆီးထိန်းသိမ်းကာ အာဏာသိမ်းလိုက်သည့်အပြင် စစ်ကောင်စီက ဖွဲ့လိုက်သည့် UEC  ကလည်း ပြည်သူ့ဆန္ဒမဲများ ပျက်ပြယ်သည်ဟု ဖေဖေါ်၀◌ါရီလ (၂၆) ရက်နေ့၌ ပြောကြားထားကာ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် လက်မခံကြောင်းနှင့် ပြည်သူ့ဆန္ဒမဲကိုလေးစားရန် ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency