အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသည့် ရွေး/ကော်အဖွဲ့နှင့်တွေ့ဆုံပွဲသို့  နိုင်ငံရေးပါတီ(၅၃)ပါတီ တက်ရောက်ရာ ရှမ်းပြည်နယ်မှ  ပါတီအချို့  ပါဝင်

အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသည့် ရွေး/ကော်အဖွဲ့နှင့်တွေ့ဆုံပွဲသို့  နိုင်ငံရေးပါတီ(၅၃)ပါတီ တက်ရောက်ရာ ရှမ်းပြည်နယ်မှ  ပါတီအချို့  ပါဝင်
ဖေဖော်ဝါရီ 26, 2021 | နိုင်ငံရေး

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းထားသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် ၂၀၂၁ ခုနှစ် ဖေဖေါ်၀ါရီလ (၂၆) ရက်နေ့၌ နေပြည်တော်တွင် တွေ့ဆုံရန် (၉၁)ပါတီ ဖိတ်ကြားထားသည့်အနက် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် စုစုပေါင်း ကိုယ်စားလှယ်အရေအတွက် (၁၁.၁၃) ရာခိုင်နှုန်းသာ အနိုင်ရထားသည့် (၅၃)ပါတီ တက်ရောက်ကြသည်။



NLD ပါတီအပါအ၀င် တိုင်းရင်းသားပါတီစုစုပေါင်း (၃၈) ပါတီက မတက်ရောက်ကြဘဲ USDP ပါတီအပါအ၀င် ပါတီပေါင်း (၅၃) ပါတီက တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။



ယနေ့တက်ရောက်သည့် (၅၃)ပါတီသည် ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ရှိသည့်ပါတီ (၇)ပါတီသာ ပါ၀င်ခြင်းဖြစ်သည်။



ပြီးခဲ့သည့်ရွေးကောက်ပွဲမှ မဲစာရင်းမှား၍ဟုဆိုကာ ဖေဖေါ်၀ါရီလ (၁) ရက်နေ့က ရွေးကောက်ခံအစိုးရကို ဖမ်းဆီးကာ အာဏာသိမ်းလိုက်သည့် စစ်တပ်က ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များကို ဖမ်းဆီးထိန်းသိမ်းကာ ကော်မရှင်အဖွဲ့သစ်ကို ဖွဲ့ထားခြင်းဖြစ်သည်။

Tachileik News Agency