သေဆုံးနိုင်ချေမြင့်တတ်နိုင်သည့်  မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုး ရှမ်းပြည်နယ်အတွင်း လားရှိုးမြို့တွင် တွေ့ရှိ

သေဆုံးနိုင်ချေမြင့်တတ်နိုင်သည့်  မျိုးရိုးဗီဇကွဲ Covid-19 ရောဂါပိုး ရှမ်းပြည်နယ်အတွင်း လားရှိုးမြို့တွင် တွေ့ရှိ
စက်တင်ဘာ 2, 2021 | Covid-19| ရှမ်းမြောက်

မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲသွားသည့် Covid-19 ရောဂါပိုးတွေ့ရှိသူ (၁၅)ဦးတွင် ရှမ်းပြည်နယ်အတွင်း လားရှိုးမြို့မှ (၁)ဦး ပါဝင်တွေ့ရှိကြောင်း သိရသည်။

အသစ်ထပ်တွေ့သည့် မျိုးရိုးဗီဇကွဲ Covid-19 အမျိုးအစားကွဲမှာ Covid-19 ( Variants of Concern ) Delta မျိုးစိတ်ဖြစ်ပြီး အထူးဂရုစိုက်ရမည့် မျိုးစိတ်ဖြစ်ကြောင်း ထုတ်ပြန်ထားရှိသည်။

ကမ္ဘာ့ကျန်းမာရေး၏ ထုတ်ပြန်ချက်အရ  Covid-19 ( Variants of Concern ) Delta မျိုးစိတ်အား အိန္ဒိယနိုင်ငံတွင် စတင်တွေ့ရှိခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၆၃)နိုင်ငံသို့ ပျံ့နှံ့နေလျက်ရှိကြောင်း သိရသည်။

Covid-19 ( Variants of Concern ) Delta မျိုးစိတ်သည် ရောဂါပိုးကူစက်နိုင်မှုနှင့် ရောဂါပြင်းထန်မှု မြင့်မားသည့်အတွက် သေဆုံးနိုင်ချေမြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးက သုံးသပ်ထားသည်။

#TachileikNewsAgency