မူဆယ် စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်၍ စည်ပင်ဝန်ထမ်း (၂)ဦး ထိခိုက်မှုရှိ

မူဆယ် စည်ပင်ရုံး ပေါက်ကွဲမှုဖြစ်၍ စည်ပင်ဝန်ထမ်း (၂)ဦး ထိခိုက်မှုရှိ
ဒီဇင်ဘာ 10, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ စည်ပင်ရုံး ဗုံးပေါက်ကွဲမှုဖြစ်ပွား၍ (၂)ဦး ထိခိုက်မှုရှိကြောင်း ကနဦး သိရသည်။

"စည်ပင်ရုံး ဗုံးခွဲခံရတယ်။ စာရေးမ (၂)ဦး ထိတယ်"ဟု သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

မူဆယ်မြို့နယ်စည်ပင်သာယာရေးရုံးတွင် ယနေ့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ နေ့လည်(၁)နာရီ(၄၅)မိနစ် ဝန်းကျင်အချိန်က ပေါက်ကွဲမှုဖြစ်ပွားရာ ရုံးအတွင်း စာရေးမနှစ်ဦး ထိခိုက်မှုရှိကြောင်း ကနဦး သိရသည်။

အငယ်တန်းစာရေး(၁)ဦး နှင့် အကြီးတန်းစာရေး(၁)ဦး စုစုပေါင်း (၂)ဦး ဒဏ်ရရှိကြောင်း သိရသည်။

#TachileikNewsAgency