ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျောက်မဲ လူမှုဝန်ထမ်းဦးစီးဌာနက နေ့ကလေးထိန်းမူကြိုကို ဧပြီလကုန်အထိ ပိတ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျောက်မဲ လူမှုဝန်ထမ်းဦးစီးဌာနက နေ့ကလေးထိန်းမူကြိုကို ဧပြီလကုန်အထိ ပိတ်
မတ် 17, 2020
By Tachileik News Agency

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျောက်မဲ လူမှုဝန်ထမ်းဦးစီးဌာနက နေ့ကလေးထိန်းမူကြိုကို ဧပြီလကုန်အထိ ပိတ်

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ နေ့ကလေးထိန်း မူကြိုကျောင်းအား ၂၀၂၀ ခုနှစ်၊ ဧပြီလကုန်အထိ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“မတ်လ (၁၆) ရက်မှာ လူမှုဝန်ထမ်းဦးစီးဌာနက ထုတ်ပြန်ချက်ရပြီးတာနဲ့ စပိတ်လိုက်တာ ဖြစ်ပါတယ်။ ဧပြီလ တစ်လလုံးက ပုံမှန်အတိုင်း ပိတ်မှာပါ။ အခုက (၁၅) ရက်လောက် စောပြီး ပိတ်လိုက်ရတာပေါ့။ ဒီကျောင်းမှာကတော့ ကလေး အယောက် (၁၀၀)နဲ့ ဆရာမ (၇) ဦး ရှိပါတယ်”ဟု ကျောက်မဲမြို့ လူမှုဝန်ထမ်းဦးစီးဌာနက နေ့ကလေးထိန်း မူကြိုကျောင်း ဒုတိယ တာဝန်ခံ ဒေါ်တိုးတိုးအောင်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်(Covid-19) ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များနှင့် လုပ်ငန်းစီမံချက် ရေးဆွဲရန် အချက်များကို မတ်လ (၁၆) ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာနှင့် ကျန်းမာရေးဌာနများ၊ မြို့မိ မြို့ဖများ ဆွေးနွေးထားခြင်းဖြစ်သည်။

“လူစုလူဝေးရှောင်ရတာတို့ လက်ကို မကြာခဏဆေးကြောပြီး သန့်ရှင်းစွာထားဖို့ စတဲ့အချက်တွေအပါအဝင် Covid 19 နဲ့ပတ်သက်ပြီး လုပ်ငန်းစီမံချက်ရေးဆွဲဖို့တွေလည်း ဆွေးနွေးထားပါတယ်။ လူစု လူဝေး ရှောင်သင့်တယ်လို့ပဲ ကျမတို့က ပြောလို့ရတယ်။ မူကြိုတွေ၊ ကျောင်းတွေ ပိတ်လိုက်ပါ လို့ ပြောဖို့အတွက် ညွှန်ကြားချက် မထားရထားသေးပါဘူး” ဟု ကျောက်မဲခရိုင် ပြည်သူ့ ကျန်းမာရေးဌာနမှ ဒု ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ နန်းရီလှိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိတွင် ကျောက်မဲရှိ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူကြိုကျောင်း တစ်ကျောင်းသာ ပိတ်ထားပြီး ကျန်သည့်ပုဂ္ဂလိက မူကြိုကျောင်းများ၊ တရုတ်ကျောင်းများမှာ ပုံမှန်အတိုင်း ဖွင့်လှစ်ထားဆဲဖြစ်သည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~