နောင်ချိုမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၃၂)ဦးကို စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့

နောင်ချိုမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၃၂)ဦးကို စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့
အောက်တိုဘာ 8, 2020
By Tachileik News Agency
နောင်ချိုမြို့တွင် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၃၂)ဦးကို စစ်ဆေးရာက တစ်ဦးတွင် Covid-19 ပိုးတွေ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Antigen Rapid Diagnostic Test Kit ဖြင့် စစ်ဆေးပေးနေရာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့၌ ယာဉ်မောင်းတစ်ဦးတွင် Covid-19 ပိုးတွေ့ရှိသည့်အတွက် နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ကုန်တင်ယာဉ်တစ်စီး၏ ယာဉ်မောင်းတွင် Covid-19 ပိုးတွေ့အတွက် ၎င်း၏ယာဉ်နောက်လိုက်တွင်  ပိုးမတွေ့သော်လည်းသော်လည်း နှစ်ဦးလုံးကို ဓာတ်ခွဲနမူနာယူ၍ ပြန်လည်စစ်ဆေးသွားမည်ဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးဘက်မှ ရှမ်းပြည်နယ်အတွင်း ဝင်ရောက်လာသော ကုန်တင်ယာဉ်စုစုပေါင်း (၁၂၃) စင်းမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း (၁၃၂) ဦးကို နောင်ချိုမြို့နယ်၊ ကြိမ်ဂနိုင်ကျေးရွာအုပ်စု၊ ခြေမြစ်ပင်ကျေးရွာ စစ်ဆေးရေးဂိတ်၌ Antigen Rapid Diagnostic Test Kit များဖြင့် စစ်ဆေးပေးနေခြင်းဖြစ်သည်။
Covid-19 ပိုးတွေ့ကြောင်း အဖြေထွက်ထားသည့် အသက် (၄၃)နှစ်အရွယ် ယာဉ်မောင်းအား နောင်ချိုပြည်သူ့ဆေးရုံ၌ထားရှိကာ ယာဉ်နောက်လိုက်ကိုလည်း Quarantine ထားရှိပြီး ကျန်စစ်ဆေးပြီးဖြစ်သည့် ကုန်တင်ယာဉ်များအား ထွက်ခွာခွင့်ပြုထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~