တအာင်းဒေသ မြို့ ၃ ခုရှိ စစ်ကောင်စီတပ်စခန်းများကို TNLA တိုက်ခိုက်‌နေ

တအာင်းဒေသ မြို့ ၃ ခုရှိ စစ်ကောင်စီတပ်စခန်းများကို TNLA တိုက်ခိုက်‌နေ
ဇန်နဝါရီ 4, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသ ကွတ်ခိုင်၊ မိုးမိတ်၊ ကျောက်မဲဒေသတို့တွင် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း TNLAထံမှ သိရသည်။

ကွတ်ခိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ မိုးမိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှင့် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတို့ကို TNLA က တိုက်ခိုက်နေကြောင်း သိရသည်။ 

 

စစ်ကောင်စီ၏ မိုးမိတ်တပ်စခန်းမှ တိုက်ပွဲဖြစ်ပွားရာ ဆင်ကင်တပ်စခန်းသို့ လက်နက်ကြီးဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လားရှိုးမြို့နယ် စစ်ကောင်စီတပ်မှ ပန်ဖတ်ကျေးရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် (၃)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ မိုးမိတ်မြို့နယ် ဆင်ကင်တပ်စခန်းကို Jet Fighterဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ကွတ်ခိုင်မြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားရာနေရာသို့ Y12ဖြင့် (၂)ကြိမ်၊ Jet Fighterဖြင့် (၂)ကြိမ်၊ ဗုံး(၁၉)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီတပ်မှ ၄၅၆၁ ကုန်းသို့ လက်နက်ကြီးဖြင့် (၂)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကျောက်မဲမြို့နယ် စစ်ကောင်တပ်မှ ခွန်ကော်ကျေးရွာ၊ အထက်ညောင်ကုန်းကျေးရွာသို့ လက်နက်ကြီးဖြင့် (၁၅)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ TNLAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသော စခန်းသစ်ကုန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်မှ ဝှက်ထားခဲ့သော လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။ 

 

ထို့အပြင် နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီ ခလရ(၁၄၄) မန်တပ်စခန်းတွင် စစ်ကောင်စီတပ်မှ စစ်ကူလူအင်အားနှင့် လက်နက်ခဲယမ်းများ (၁)ကြိမ် လာရောက်ပို့ချခဲ့သည်ဟု သိရသည်။

#TachileikNewsAgency