မြန်မာ့အာဏာသိမ်း စစ်အုပ်စု တက်ခွင့်မရသည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး အစီအစဥ်

မြန်မာ့အာဏာသိမ်း စစ်အုပ်စု တက်ခွင့်မရသည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး အစီအစဥ်

 အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးကို အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ၌ မေလ (၁၂) ရက်နှင့် (၁၃) ရက်တို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။

အမေရိကန်အစိုးရက ထိပ်သီးအစည်းအဝေး ပမာဏ အစီအစဥ်များကို မေလ (၁၀) ရက်နေ့တွင် တရားဝင်ထုတ်ပြန်ထားသည်။ ယခုထိပ်သီးအစည်းအ‌‌ဝေးတွင် စစ်တပ်က အာဏာသိမ်းထားသည့် မြန်မာနိုင်ငံကို ချန်လှပ်ထားခဲ့ပြီး စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခွင့် မရပေ။



လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဝါရှင်တန်ဒီစီကို ရောက်ရှိနေပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံ‌ဆွေးနွေးမည်ဟု သိရသည်။

အမေရိကန်အစိုးရက တရားဝင်ထုတ်ပြန်ထားသည့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး အစီအစဥ်များမှာ အောက်ပါအတိုင်းဖြစ်သည်။



ပထမနေ့ - မေလ (၁၂) ရက်၊ ၂၀၂၂ ခုနှစ် ( အမေရိကန် စံတော်ချိန် )



နံနက် ၁၁း၃၀ - မွန်းတည့် ၁၂း၀၀ - လွှတ်တော်ဥက္ကဌ Pelosi က အာဆီယံခေါင်းဆောင်များကို အမေရိကန်လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံမည်။



မွန်းတည့် ၁၂း၀၀ - မွန်းလွဲ ၁း၃၀ - လွှတ်တော် ဥက္ကဌ Pelosi က ပါတီနှစ်ခုမှ ကိုယ်စားလှယ်များပါဝင်သည့် အလုပ်သဘောနေ့လယ်စာကို အာဆီယံခေါင်းဆောင်းများနှင့် အခြား ကွန်ဂရက်လွှတ်တော်အမတ်များကို တည်ခင်းဧည့်ခံမည်။



မွန်းလွဲ ၂း၀၀ - ၄း၀၀ - အာဆီယံခေါင်းဆောင်များက အမေရိကန်စီးပွားရေးခေါင်းဆောင်များနှင့် တွေ့ဆုံအပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကိစ္စကို ဆွေးနွေးကြမည်။

ထိုအစည်းအဝေးတွင် အမေရိကန် ကုန်သွယ်ရေးဝန်ကြီး Raimondo နှင့် ကုန်သွယ်ရေးသံတမန် Tai တို့ ပါဝင်ကြမည်။



ညနေ ၅း၃၀ - ၆း၀၀ - သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်များနှင့် အိမ်ဖြူတော်တွင် တွေ့ဆုံမည်။

အိမ်ဖြူတော်တွင် ထိပ်သီးအစည်းအဝေး အထိမ်းအမှတ် စုပေါင်းဓာတ်ပုံရိုက်မည်။



ညနေ ၆း၀၀ - ည ၇း၃၀ - သမ္မတဂျိုးဘိုင်ဒန်က အာဆီယံခေါင်းဆောင်များကို ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမည်။



ဒုတိယနေ့ - မေလ (၁၃) ရက်၊ ၂၀၂၂ ခုနှစ် ( အမေရိကန် စံတော်ချိန် )



နံနက် ၁၁း၃၀ - မွန်းလွဲ ၁း၀၀ - ဒုတိယသမ္မတဟာရစ်က အာဆီယံခေါင်းဆောင်များကို အလုပ်သဘောနေ့လယ်စာ တည်ခင်းဧည့်ခံပြီး ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှုနှင့် ကျန်းမာရေး/ကပ်ရောဂါ ပြည်လည်ထူထောင်ရေးတို့ကို အာရုံစိုက် ဆွေနွေးကြမည်။



မွန်းလွဲ ၁း၃၀ - ၂း၃၀ - ဒုတိယသမ္မတဟာရစ်က အာဆီယံခေါင်းများနှင့် ရာသီဥတုဆိုင်ရာ သမ္မတ၏ကိုယ်စားလှယ် John Kerry ၊ ပို့ဆောင်ရေးဝန်ကြီး Pete Buttigieg ၊ စွမ်းအင်ဝန်ကြီး Jennifer Granholm နှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဌာနမှ Michael Stanley Regan တို့ ဆွေးနွေးမှုပွဲကို တက်ရောက်မည်။



မွန်းလွဲ ၃း၀၀ - ညနေ ၅း၀၀ - သမ္မတဂျိုးဘိုင်ဒန်နှင့် အာဆီယံခေါင်းဆောင်များ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြမည်။



Source: US Government